နိုင်ငံ့ဝန်ထမ်းတွေ အငြိမ်းစားယူရမယ့် အသက်ကို ၆၂ နှစ်လို့ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ဒီကနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ်ကို ထိမ်းသိမ်းဖို့၊ လုပ်သက်ရင့်နိုင်ငံ့ဝန်ထမ်းတွေရဲ့ လုပ်ငန်းအတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတို့အရ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးမှာ ဆက်လက် အထောက်အကူပြုစေဖို့ လုပ်ငန်းကျွမ်းကျင်တဲ့ လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က ဆက်လက်ချီးမြှောက်ဖို့ အခုလို သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆာင်ရဲ့ လမ်းညွှန်မှုအရ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇၆၊ ပုဒ်မခွဲ (က) မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေတွေရဲ့ နည်းဥပဒေ ၂၃၀ ပါ ဝန်ထမ်းတစ်ဦး အငြိမ်းစားယူရမယ့် နေ့ရက်အား ယင်းဝန်ထမ်း ၆၂ နှစ်ပြည့်တဲ့နေ့ဆိုပြီး ပြင်ဆင်သတ်မှတ်တာလို့ စစ်ကောင်စီ ပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။
ဝန်ထမ်းတွေ ပင်စင်ယူရမယ့် အသက်ကို ၆၂ နှစ်လို့ စစ်ခေါင်းဆောင်က ညွှန်ကြားသတ်မှတ်ခဲ့ပေမဲ့ ကိုယ်တိုင်ကတော့ အသက် ၆၆ နှစ်ထဲဝင်နေပြီဖြစ်တဲ့တိုင် အာဏာကို လက်မလွှတ် ဆက်လက်စွဲကိုင်ထားပါတယ်။
Photo-NPC
ဒီရရှိလာမယ့် ချေးငွေထဲကနေ နိုင်ငံတော်က ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တတ်နိုင်သလောက် ပြန်လည်လှူဒါန်း ကြဖို့ကို နိုင်ငံ့ဝန်ထမ်း တချို့က စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
အလုပ်သမား ၊လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးသော်တာဝင်းက “ နိုင်ငံတော်ရဲ့ ဘတ်ဂျက်က အခု ကိုဗစ်အတွက်ကို တော်တော်လေးကို တောင့်ခံနေရတယ်။ အဲ့ဒီအတွက်ကို အစ်ကိုတို့က တစ်ဖက်တစ်လမ်းကနေ နိုင်သလောက်လေးပေါ့ ဝင်ထမ်းတဲ့သဘောပါ။ ဝန်ထမ်းဆိုတော့ ” လို့ ပြောပါတယ်။
အခုချေးငွေဟာ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း)တွေကို ထုတ်ချေးပေးမှာဖြစ်ပြီး တပ်မတော်သားတွေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် တွေလည်း အပါအဝင် ဖြစ်ပါတယ်။
လက်ရှိအချိန်ထိတော့ ဝန်ထမ်းဘယ်လောက်ထုတ်ချေးမယ်ဆိုတာကို အတိအကျ မသိရ သေးဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
“တစ်နိုင်ငံလုံး အမြဲတမ်းဝန်ထမ်းစုစုပေါင်း (၁၀၇၇၄၉၃) ဦးအတွက် (၅၅၄ ဒသမ ၉၇၃) ဘီလီယံကို ဆိုင်းငံ့ ခြောက်လ၊ ပြန်ဆပ်ကာလ တစ်နှစ်သတ်မှတ်ပြီး အောက်တိုဘာ ၁ ရက်နေ့ ထုတ်ချေးမှာ ဖြစ်ပါတယ်။ ဘယ်သူမချေးဘူး/ ချေးတယ်ဆိုတာ အောက်တိုဘာ ၁ ရက် ထုတ်ချေးပြီးမှ သိရမှာပါ” လို့ ဦးဇော်ဌေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံ့ဝန်ထမ်း(အမြဲတမ်း) စုစုပေါင်း ၁ သန်းကျော်ရှိတဲ့အတွက် ဝန်ထမ်းတစ်ဦးကို ကျပ်ငွေ ၁၀၀၀၀ နှုန်းနဲ့ ပါဝင်လှူဒါန်းမယ်ဆိုရင်တောင် စုစုပေါင်း ကျပ်သန်း ၁ ထောင်ကျော်မှာဖြစ်လို့ အစိုးရရဲ့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးလုပ်ငန်းကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်တယ်လို့လည်း ကမ်ပိန်းမှာ ပါဝင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါအတွက် အသုံးပြုဖို့ ကျပ်ငွေဘီလီယံ ၁၀၀၀ ကျော် သတ်မှတ်ထားတယ်လို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထား ပါတယ်။
သတင်း - ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)