close

ကန်ကျနပူရီခရိုင်တွင် တရားမဝင်မြန်မာ အယောက် ၅၀ ဖမ်းဆီးခံရ

ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ (ကျား ၃၀၊ မ ၂၀) တို့ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။ 

သူတို့ကို ဧပြီ ၇ ရက်နဲ့ ဧပြီ ၈ ရက်နေ့တွေက ကန်ကျနပူရီခရိုင် မခန်တေ့၊ ထောင်းဖာဖူးနဲ့ ဆိုင်းယုတ် စတဲ့ မြို့နယ်က နေရာ ၃ ခုမှာ ဖမ်းဆီးရမိတာဖြစ်ပြီး လမ်းပြအမျိုးသမီး ၁ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။ 

သူတို့ဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကဖြစ်ပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ စီပေးပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုယ်ပူချိန်တိုင်းရာ အားလုံးပုံမှန်ဖြစ်ပြီး လ.ဝ.က ဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ပြောပါတယ်။ 

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်နဲ့ အိုးအိမ်မလုံခြုံမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် ပြည်သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားရင်း အဖမ်းခံနေရတာလည်း နေ့စဉ်လို ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up