ထိုင်းအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၀ (ကျား ၃၀၊ မ ၂၀) တို့ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့ကို ဧပြီ ၇ ရက်နဲ့ ဧပြီ ၈ ရက်နေ့တွေက ကန်ကျနပူရီခရိုင် မခန်တေ့၊ ထောင်းဖာဖူးနဲ့ ဆိုင်းယုတ် စတဲ့ မြို့နယ်က နေရာ ၃ ခုမှာ ဖမ်းဆီးရမိတာဖြစ်ပြီး လမ်းပြအမျိုးသမီး ၁ ယောက်ကိုလည်း ဖမ်းထားတယ်လို့ ဆိုပါတယ်။
သူတို့ဟာ မြန်မာပြည် မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကဖြစ်ပြီး ဘန်ကောက်၊ စမွတ်စခွန်း၊ လယောင်းနဲ့ ကန်ကျနပူရီမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၅,၀၀၀ စီပေးပြီး ဝင်ရောက်လာတာလို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့ကို ကိုယ်ပူချိန်တိုင်းရာ အားလုံးပုံမှန်ဖြစ်ပြီး လ.ဝ.က ဥပဒေနဲ့ အရေးယူဖို့ ရဲစခန်းကို ဆက်လက်ပို့ဆောင်ပေးလိုက်တယ်လို့ ပြောပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်နဲ့ အိုးအိမ်မလုံခြုံမှု၊ စားဝတ်နေရေး ခက်ခဲမှုတွေကြောင့် ပြည်သူတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လုပ်ကိုင်ဖို့ ကြိုးစားရင်း အဖမ်းခံနေရတာလည်း နေ့စဉ်လို ရှိနေပါတယ်။
ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်မှာ ဖေဖော်ဝါရီ ၇ ရက် မွန်းတည့် ၁၂ နာရီမှ ဖေဖော်ဝါရီ ၈ ရက် မွန်းတည့် ၁၂ နာရီ ထိ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အမျိုးသား အယောက် ၁၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။
မြန်မာအမျိုးသား ၇၅ ယောက် အမျိုးသမီး ၃၅ ယောက် စုစုပေါင်း ၁၁၀ ယောက်နဲ့ လမ်းပြ အမျိုးသား ၂ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့တွေကို လုံခြုံရေးယူနေတဲ့ နယ်မြေပေါင်း ၅ နေရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး သူတို့ဟာ မြန်မာပြည်မော်လမြိုင်၊ ရန်ကုန်၊ ပဲခူး၊ ရခိုင် စတဲ့ဒေသကနေလာပြီး ထိုင်းနိုင်ငံ စမွတ်စခွန်း၊ ရယောင်း၊ ကန်ကျနပူရီနဲ့ ဘန်ကောက်မှာအလုပ်သွားလုပ်ဖို့ ပွဲစားကို တစ်ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ ကနေ ၂၅၀၀၀ အထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို ထိုင်းတာဝန်ရှိသူတွေက ကိုယ်အပူချိန်တိုင်းရာမှာ အားလုံးပုံမှန်ရှိပြီး သူတို့ကို ထိုင်းဥပဒေအရဆက်လက်အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်လုံခြုံမှုမရှိ၊ စားဝတ်နေရေးကျပ်တည်းမှုတွေကြောင့် မြန်မာရွေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲ နေ့စဉ်ဝင်ရောက်လုပ်ကိုင်ဖို့ကြိုးစားရာမှာ အဖမ်းဆီးခံရတာလည်း နေ့စဉ်ရှိနေပါတယ်။