မန္တလေးကျုံးဘေး စစ်ကောင်စီနှင့်အပေါင်းပါအချို့ သင်္ကြန်ပွဲ ကျင်းပ၊ ပြည်သူများ ပါဝင်ဆင်နွှဲခြင်းမရှိ











မန္တလေးမြို့၊ ကျုံးဘေးနဲ့ နန်းမြို့ရိုးဘေးတို့မှာ စစ်ကောင်စီက ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ ဖွင့်ပွဲ လုပ်နေပေမဲ့ မြို့ထဲမှာတော့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေက ပါဝင်ဆင်နွှဲတာမရှိဘဲ ခြောက်ကပ်နေပါတယ်။
နန်းမြို့ရိုးဘေးက စစ်ကောင်စီရဲ့ သင်္ကြန်အကြိုနေ့ ဖွင့်ပွဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ မိသားစုတွေနဲ့ စစ်ကောင်စီ ထောက်ခံသူတွေသာ အများစုသွားရောက်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ငှားရမ်းထားတဲ့ လှေတချို့နဲ့ ကျုံးရေပြင်မှာ လှည့်နေကြပြီး ကျုံးဘေးပတ်ဝန်းကျင်မှာလည်း စစ်ကောင်စီတပ်သား၊ အရပ်ဝတ်၊ ရဲ တို့က လက်နက်အပြည့်နဲ့ လုံခြုံရေးယူထားကြပါတယ်။
မြို့တွင်းမှာတော့ သင်္ကြန်အကြိုနေ့ ပျော်ပွဲရွှင်ပွဲတွေ မရှိတဲ့ ပုံစံ လမ်းတွေပေါ်မှာ လူအနည်းငယ်ရှင်းနေပါတယ်။