close

အသက် ၉၆ နှစ်ပြည့်မည့် ဗြိတိန်နန်းသက်အရှည်ဆုံး ဘုရင်မကြီး အဲလိဇဘက်

ဗြိတိန်ရဲ့ ၆၃ ယောက်မြောက် နန်းမွေခံ ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်ရဲ့ ၉၆ နှစ်ပြည့် မွေးနေ့ဟာ ဧပြီ ၂၁ ရက်နေ့ ကျရောက်တော့မှာဖြစ်ပြီး သူ့မွေးနေ့ကို ဇွန်လမှာ တရားဝင် ကျင်းပလေ့ ရှိပါတယ်။

သူဟာ အသက် ၂၇ နှစ်အရွယ်မှာ နန်းတက်ခဲ့ပြီး ကမ္ဘာတလွှားက ရုပ်သံတွေနဲ့ ရေဒီယိုတွေကနေ အခမ်းအနားကို ထုတ်လွှင့်ခဲ့တာပါ။

ကမ္ဘာတလွှားက နိုင်ငံရေး၊ အရပ်ဘက်နဲ့ စီးပွားရေးခေါင်းဆောင်တွေ ဒီအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

အဲလိဇဘက် ဘုရင်မကြီးဟာ ဗြိတိန်မှာ နန်းသက်အရှည်ဆုံး ဝိတိုရိယဘုရင်မကြီးရဲ့ နန်းစံသက်ကို ၂၀၁၅ ခုနှစ်တည်းက စံချိန်ချိုးခဲ့သူပါ။ ဒါ့အပြင် နိုင်ငံတကာ ခရီးစဉ်တွေအတွင်း ဗြိတိန်ဘုရင်စနစ်ရဲ့ စံချိန်သစ်တွေကိုလည်း သူက တင်ခဲ့ပါသေးတယ်။

ဘုရင်မကြီး အဲလိဇဘက်ဟာ ဂျပန်ကို ပထမဆုံး သွားရောက်လည်ပတ်တဲ့ ဗြိတိန်ဘုရင်မ ဖြစ်သလို တရုတ်ခေါင်းဆောင် တိန့်ရှောင်ဖိန်နဲ့ တွေ့ဆုံပြီး တရုတ်ရဲ့ မဟာတံတိုင်းကြီးပေါ်မှာ လမ်းလျှောက်တဲ့ ပထမဆုံး ဗြိတိန်ဘုရင်မလည်း ဖြစ်ပါတယ်။

သူ့ကို တော်ဝင်ဝါဒီတွေက အလွန်ချစ်ကြပြီး ရီပတ်ဘလစ်ကန်တွေကတောင် ဂုဏ်သိက္ခာရှိသော ပုဂ္ဂိုလ်အဖြစ် ရှုမြင်ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up