close

ပုသိမ်မြို့နယ် ဥပဒေအရာရှိ အဖမ်းခံရ၊ ဧပြီ ၁ လအတွင်း ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ဉပဒေအရာရှိကို မအူပင်မြို့ကနေအိမ်ပြန်ချိန် ဧပြီလ ၁၄ ရက်နေ့မှာ စစ်ကောင်စီ တပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်ဉပဒေအရာရှိ ကိုပြည့်ကျော်ဆိုသူမှာ မအူပင်မြို့က နေအိမ်ကိုပြန်လာချိန်မှာ CDM မလုပ်ထားပေမယ့် စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး သတင်းစာရှင်းလင်းပွဲမှာ လက်နက် တွေနဲ့ ဖမ်းမိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“အဲ့ရက်က မအူပင်မြို့မှာ အဖမ်းဆီးကြမ်းနေတဲ့ရက် နောက်ဆုံး ၈ နှစ်သားကအစ ဖမ်းနေတဲ့အချိန်မှာ သူ့ယောက္ခမအိမ်မှာ ညပိုင်းဝင်ဖမ်းသွားတာ၊ ဘာလို့ဖမ်းတာလည်းတော့ သေချာမသိဘူး။ သူက လက်ရှိစစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့သူ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ပြန်ကြားရေး ဒုဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေအသိုင်းဝိုင်းက ဉပဒေအရာရှိကို လက်နက်တွေနဲ့ဖမ်းမိပြီး သူ့ကိုစစ်မေးလို့ လှူတဲ့သူတွေထဲမှာ မန္တလေးမြို့က ရှေ့နေ ဒေါ်ရွက်နုအောင်နာမည် ပါတာကြောင့် ဆက်လက်ဖမ်းဆီးခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားတဲ့ ပုသိမ်မြို့နယ်ဥပဒေအရာရှိ ကိုပြည့်ကျော်ကို ဒီနေ့ထိအဆက်သွယ် မရသေးသလို ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာလည်း အတိအကျမသိရသေးဘူးလို့ ရှေ့နေ အသိုင်းဝိုင်းက နီးစပ်သူတွေက ပြောပါတယ်။

ပုသိမ်မြို့နယ် ဉပဒေအရာရှိနဲ့အတူ နေအိမ်ကို ဝင်ရောက်ဖမ်းဆီးချိန်မှာ အားလုံး ၃ ဦးပါသွားတာဖြစ်ပြီး တဦးကို သေနတ်နဲ့ပစ်ဖမ်းပေမယ့် လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

မအူပင်မြို့နယ်မှာ ဧပြီလ ၁ လတည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေအပါဝင် ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up