close

မြိုင်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ရွာက ကြံ့ခိုင်ရေးပါတီဝင် ဦးဇော်မိုးဟာ  ဇွန်လ ၆ ရက် မနက်က  ရွာအပြင်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာကို ဒေသခံတွေ မြင်တွေ့ခဲ့ရပါတယ်။

ဦးဇော်မိုးကို ဇွန် ၅ ရက် ည ၁၂ နာရီမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူ ၁၀ ယောက်လောက်က နေအိမ်အတွင်းဝင်ရောက်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့​ ဒေသခံတွေပြောပါတယ်။

ဒေသခံတစ်ဦးက "အောက်ထပ်ကသူ့မိန်းမကိုနှိုးပြီး ဇော်မိုးဆိုတာဘယ်​သူလဲ လို့မေးပြီး သူ့မိန်းမက အပေါ်ထပ်မှာ အိပ်နေတယ်ပြောတော့ မေးစရာရှိလို့ ဆိုပြီး ခေါ်နှိုးသွားတာ "လို့​ ​ဆိုပါတယ်။

ဇွန် ၆ ရက်မနက်ပိုင်းမှာတော့ ရွာအပြင်ဘက်မှာ  လည်ပင်းဓားမွှန်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကိုဇော်မိုးကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

ဦးကိုဇော်မိုးဟာ ကြံ့ပါတီဝင်တစ်ဦးဖြစ်ပြီး သူ့အလောင်းကို ပခုက္ကူမြို့က နာရေးကူညီမှုအသင်းက သွားရောက် သယ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ သူ့ကို ဘာကြောင့် ဘယ်အဖွဲ့က သတ်ပစ်ခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။ 

//
Up