ကဘူးလ်ရှိ ဆစ်ခ်ဘုရာကျောင်း တိုက်ခိုက်ခံရမှု ၂ ဦးသေဆုံး

689
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ ဇွန် ၁၈ ရက်က ဆစ်ခ်ဘုရားကျောင်းတခု တိုက်ခိုက်ခံရမှု မှာ အနည်းဆုံး လူ ၂ ယောက် သေဆုံးပြီး ၇ ယောက် ဒဏ်ရာရရှိခဲ့ပေမဲ့ ဘယ်သူဘယ်ဝါ တာဝန်ရှိကြောင်း ချက်ခြင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တာလီဘန်အဖွဲ့ဝင်တွေထဲက တယောက်က အသေခံပြီး ဆစ်ခ်အသိုင်းအဝန်းထဲကတဦး သေဆုံးသွားတာ ဖြစ်ကြောင်း၊ ဗုံးခွဲတဲ့နေရာကို လောလောဆယ် ရှင်းလင်းနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူလ် နာဖီ တာကော်က ပြောပါတယ်။
ဒီပေါက်ကွဲမှုကြောင့် လူ ၇ ယောက် ဒဏ်ရာရခဲ့ပြီး အနီးဆုံးဆေးရုံကို ပို့ဆောင်ကုသပေးခဲ့ပါတယ် လို့လည်း သူက ဆိုပါတယ်။
အဲဒီနေ့က သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်မှာ ဖောက်ခွဲရေးပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ ယာဉ်တစီး ပေါက်ကွဲမှုဖြစ်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။