close

သီရိလင်္ကာဝန်ကြီးချုပ်၏အိမ်ကို သိမ်းထားသည့် ဆန္ဒပြသမားများ ပြန်လည်ထွက်ခွာ

သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ်ရဲ့အိမ်ကို ဝင်သိမ်းထားတဲ့ ဆန္ဒပြသမားတွေဟာ ဇူလိုင် ၁၅ ရက်မှာ ပြန်လည်ထွက်ခွာသွားကြပြီး ဖြစ်သလို၊ လမ်းပေါ်ဆန္ဒပြပွဲတွေလည်း ငြိမ်သက်သွားပါပြီ။

ဆန္ဒပြသမားတချို့လောက်ပဲ ဝန်ကြီးချုပ် အိမ်ဝင်းထဲက ဆိုဖာ ခုံပေါ်မှာ ထိုင်သူထိုင်၊ လှဲသူလဲနဲ့ တချို့လည်း အရေးကြီးပုဂ္ဂိုလ်တွေ နေထိုင်တဲ့ အိမ်ဝင်းထဲက ပစ္စည်း ပစ္စတွေကို စူးစမ်းကြည့်နေတဲ့ ပုံမျိုးတွေ့ရပါတယ်။ 

ဝန်ကြီးချုပ် အိမ်တော်ဟာ ကိုလိုနီခေတ်လက်ရာ ဖြစ်ပြီး  ဝင်ကျယ်ကျယ် သစ်သားလှေခါးနဲ့ နှစ်ဆောင်ပြိုင် အိမ် ဖြစ်ပါတယ်။ 

ဆန္ဒပြသမားတွေဟာ ဝန်ကြီးချုပ် အိမ်တော်ကနေ ထွက်ခွာပြီး အပြင်ဘက်ကနေပဲ ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသမားတယောက်ဖြစ်တဲ့ ဒန်းနစ် အလီက“ကျနော်တို့ ဖိအားပေးခံနေရတယ်။ ကျနော်တို့က စစ်တပ်က ပစ်သတ်ချင်သတ်နိုင်တယ်။ နောက်တချက်က ကျနော်တို့ အကြမ်းဖက်သမားတွေလို့ ပုံဖော်နိုင်တယ်။ ကျနော်တို့ အကြမ်းဖက်သမားတွေ မဟုတ်ဘူး”လို့ ပြောတာပါ။ 

ရာထူးကနေ ထွက်သွားပြီဖြစ်တဲ့ သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၄ ရက်မှာ စင်ကာပူနိုင်ငံကို ထွက်ခွာသွားပါတယ်။

တိုင်းပြည်စီးပွားရေး ပြိုလဲနေပြီး ကိုလံဘိုမြို့ဟာ ညမထွက်ရအမိန့်အောက်မှာ စစ်သားတွေ လမ်းပေါ်မှာ လှည့်လည်နေတာ တွေ့ရပါတယ်။ 

လူထုဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ မော်ဒိုက်နိုင်ငံကို ထွက်ခွာခဲ့ပြီ အဲဒီကနေ စင်ကာပူ၊ နောက်ဆုံး ဆော်ဒီအာရေဗျကို ထွက်ခွာမယ်လို့ အခြေအနေကို သိရှိတဲ့ လူတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

//
Up