close

ပြန်လည်ထွက်ခွာ

close

July 15, 2022

သီရိလင်္ကာဝန်ကြီးချုပ်၏အိမ်ကို သိမ်းထားသည့် ဆန္ဒပြသမားများ ပြန်လည်ထွက်ခွာ

သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ်ရဲ့အိမ်ကို ဝင်သိမ်းထားတဲ့ ဆန္ဒပြသမားတွေဟာ ဇူလိုင် ၁၅ ရက်မှာ ပြန်လည်ထွက်ခွာသွားကြပြီး ဖြစ်သလို၊ လမ်းပေါ်ဆန္ဒပြပွဲတွေလည်း ငြိမ်သက်သွားပါပြီ။

ဆန္ဒပြသမားတချို့လောက်ပဲ ဝန်ကြီးချုပ် အိမ်ဝင်းထဲက ဆိုဖာ ခုံပေါ်မှာ ထိုင်သူထိုင်၊ လှဲသူလဲနဲ့ တချို့လည်း အရေးကြီးပုဂ္ဂိုလ်တွေ နေထိုင်တဲ့ အိမ်ဝင်းထဲက ပစ္စည်း ပစ္စတွေကို စူးစမ်းကြည့်နေတဲ့ ပုံမျိုးတွေ့ရပါတယ်။ 

ဝန်ကြီးချုပ် အိမ်တော်ဟာ ကိုလိုနီခေတ်လက်ရာ ဖြစ်ပြီး  ဝင်ကျယ်ကျယ် သစ်သားလှေခါးနဲ့ နှစ်ဆောင်ပြိုင် အိမ် ဖြစ်ပါတယ်။ 

ဆန္ဒပြသမားတွေဟာ ဝန်ကြီးချုပ် အိမ်တော်ကနေ ထွက်ခွာပြီး အပြင်ဘက်ကနေပဲ ဆန္ဒပြဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသမားတယောက်ဖြစ်တဲ့ ဒန်းနစ် အလီက“ကျနော်တို့ ဖိအားပေးခံနေရတယ်။ ကျနော်တို့က စစ်တပ်က ပစ်သတ်ချင်သတ်နိုင်တယ်။ နောက်တချက်က ကျနော်တို့ အကြမ်းဖက်သမားတွေလို့ ပုံဖော်နိုင်တယ်။ ကျနော်တို့ အကြမ်းဖက်သမားတွေ မဟုတ်ဘူး”လို့ ပြောတာပါ။ 

ရာထူးကနေ ထွက်သွားပြီဖြစ်တဲ့ သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၄ ရက်မှာ စင်ကာပူနိုင်ငံကို ထွက်ခွာသွားပါတယ်။

တိုင်းပြည်စီးပွားရေး ပြိုလဲနေပြီး ကိုလံဘိုမြို့ဟာ ညမထွက်ရအမိန့်အောက်မှာ စစ်သားတွေ လမ်းပေါ်မှာ လှည့်လည်နေတာ တွေ့ရပါတယ်။ 

လူထုဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ သမ္မတ ရာဂျာပက်ဆာဟာ ဇူလိုင် ၁၃ ရက်မှာ မော်ဒိုက်နိုင်ငံကို ထွက်ခွာခဲ့ပြီ အဲဒီကနေ စင်ကာပူ၊ နောက်ဆုံး ဆော်ဒီအာရေဗျကို ထွက်ခွာမယ်လို့ အခြေအနေကို သိရှိတဲ့ လူတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

7 mins Ago

December 18, 2019

ဗီယက်နမ်ဝန်ကြီးချုပ် ချစ်ကြည်ရေးခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာ

သမ္မတဦးဝင်းမြင့်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ ချစ်ကြည်ရေးခရီး လာရောက်တဲ့  ဗီယက်နမ်ဝန်ကြီးချုပ် မစ္စတာငုယင်စွမ်းဖု ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်ကနေ အထူးလေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ရန်ကုန်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့  တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဆွေးနွေးခဲ့သလို၊ Melia Yangon Hotel မှာ ကျင်းပတဲ့ ဗီယက်နမ်နိုင်ငံ အခြေစိုက် HD Bank မြန်မာရုံးခွဲ ဖွင့်ပွဲကိုလည်း တက်ရောက်သွားပါတယ်။  ဗီယက်နမ်ဝန်ကြီးချုပ်ဟာ ဒီဇင်ဘာ ၁၆ ရက် ညကတည်းက မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချစ်ကြည်ရေးခရီး ရောက်ရှိနေတာဖြစ်ပြီး မနေ့ကတော့ နေပြည်တော်မှာ မြန်မာသမ္မတဦးဝင်းမြင့်နဲ့ရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံပြီး နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာတွေလည်း သဘောတူ လက်မှတ်ထိုးခဲ့ကြပါတယ်။ ဓာတ်ပုံ- Chief Minister Office
3 years Ago
Up