close

ဆိုးလ်မြို့တွင် LGBT ပွဲတော် ကျင်းပ

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ်ရဲ့ မြို့လယ်မှာ ထောင်နဲ့ချီတဲ့ LGBT တွေရဲ့ ပွဲတော်ကို ဇူလိုင် ၁၆ ရက်က ကျင်းပခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ထောက်ခံတဲ့ အနေနဲ့ စင်မြင့်ပေါ် တက်ရောက်ခဲ့ပါတယ်။

သက်တံ့မျက်နှာဖုံးတွေ ဝတ်ဆင်ပြီး အလံတွေ ဝှေ့ယမ်းကာ တက်ရောက်သူတွေဟာ လူ့အခွင့်အရေးအဖွဲ့တွေ၊ တက္ကသိုလ် LGBT ကလပ်တွေ၊ သံရုံးတွေ၊ ဘာသာရေးနဲ့ တိုးတက်တဲ့ အဖွဲ့အစည်းတွေက တည်ထောင် ခင်းကျင်းပြသထားတဲ့ ပြခန်းပေါင်း ၇၂ ခုကို ကြည့်ရှုခဲ့ကြ ပါတယ်။

ဆိုးလ် Queer ယဉ်ကျေးမှုပွဲတော်မှာ မွန်းလွဲပိုင်းအထိ လူပေါင်း ၁၃၀၀၀ လောက် ပါဝင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

"တန်းတူရေးနဲ့ လူ့အခွင့်အရေးအတွက် မင်းတို့နဲ့တူတူ တိုက်ပွဲဝင်သွားမှာပါ" လို့ တောင်ကိုရီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဖိလစ်ဂိုးလ်ဒ်ဘာ့ဂ်က တက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။

ရှေးရိုးစွဲ ဝါဒီအုပ်စုတွေကတော့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ မြို့တော်ခန်းမရှေ့က ဆိုးလ်ပလာဇာမှာ ကျင်းပတဲ့ ပွဲတော်ကနေ လမ်းတလျှောက်မှာ ဆန္ဒပြသူတွေ အနည်းဆုံး လူ ၁၅,၀၀၀ လောက် စုဝေးခဲ့ကြတယ်လို့ ယွန်ဟပ်သတင်းမှာ ဖော်ပြပါတယ်။

ကလေးများအတွက် ကျန်းမာသော လိင်ကျင့်ဝတ်ကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ခံစားခဲ့ရပြီး ပွဲတော်မှာ ပါဝင်ခြင်းအတွက် သံတမန်ကို ရှုတ်ချတယ်လို့ သူတို့က ပြောခဲ့ကြပါတယ်။

အုပ်စုနှစ်စုကြား တင်းမာမှုဖြစ်နိုင်တာကြောင့် ရဲတပ်ဖွဲ့က စောင့်ကြည့်ခဲ့ရပါတယ်။

//
Up