close

မောင်တောမြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်အေအေ တိုက်ပွဲဖြစ်၊ ကားလိုင်းများ ယာယီရပ်နား

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်မြောက်ပိုင်း တရိမ်းကျေးရွာ နဲ့ ဇီပင်ချောင်းကျေးရွာကြားမှာ ဇူးလိုင် ၁၈ ရက်နေ့ မနက် ၈ ရာရီလောက်က စစ်ကောင်စီတပ်နဲ့အေအေ တို့ ထိတွေတိုက်ပွဲဖြစ်ပွားနေတာကြောင့် ကားလိုင်းတွေ ယာယီရပ်နားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တရိမ်းကျေးရွာ အနီးမှာ မနက် ၈ နာရီလောက်က ထိတွေမူ စဖြစ်ကြတာ၊ နာရီဝက်လောက် ပစ်ခတ်မူတွေရှိခဲ့တယ်” လို့ အမည်မဖော်လို့တဲ့ ဒေသခံတဦးက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး လုပ်ငန်းခွင်သွားသူတွေ အိမ်ပြန်လာကြသလို မောင်တောမြောက်ပိုင်းသွားတဲ့ ကားတွေ အားလုံးရပ်နားထားကြတယ်လို့ ကားသမားတွေက ပြောပါတယ်။

“တရိမ်းနားမှာ အေအေ နဲ့ စစ်တပ် တိုက်ပွဲဖြစ်နေတယ်လို့သိရတယ်။ အဲဒါကြောင့် ဒီနေ့ ကားတွေ တစီးမှမထွက်ကြတော့ဘူး၊ အားလုံးရပ်နားထားကြတယ်” လို့ ဒေသခံကားသမားတဦးက ပြောပါတယ်။

မောင်တောမြောက်ပိုင်းမှာ စစ်ဆင်ရေးတခုပြုလုပ်ဖို့ စစ်ကောင်စီတပ်တွေကို ဇူလိုင် ၁၅ ရက်နေ့ပြုလုပ်တဲ့ နယ်လုံအစည်းအဝေး ညွှန်ကြားထားတာကြောင့် စခခ ၇ မှ စစ်အင်းအားအလုံးအရင်းနဲ့ အင်အားတိုးချကာ ဇူလိုင် ၁၇ ရက်နေ့ကတည်းက ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

//
Up