close

လွိုင်လင်လေးမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ တဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ် လွိုင်လင်လေးမြို့နယ် ဒေါပါပ ကျေးရွာမှာ  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကျဲခဲ့လို့ ဆေးခန်းလူနာစောင့်တဦး ထိခိုက်ဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲပါတယ်။ 

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဂျက်လေယာဉ်တစင်းဟာ မနက် ၁၀ နာရီလောက်မှာ ပျံလာပြီး ဗုံးကျဲသွားခဲ့တာလို့ ဒေသခံ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

“ မနက် ၁၀ နာရီခွဲလောက်မှာ လေယာဉ်နဲ့ဗုံးလာကျဲသွားတယ်။ တိုက်ပွဲလည်းမရှိဘူး၊ စစ်ကြောင်းလည်းမရှိဘူး။ ဘာမှမရှိဘဲ သူတို့က ဒီတိုင်းပဲလေယာဉ်နဲ့လာကျဲတယ်။ လက်နက်ကြီးနဲ့ ဒီတိုင်းလှမ်းထုတယ်။ ဆေးခန်းမှာလာကျဲသွားတော့ အသက် ၇၀ ဦးလေးတယောက်တော့ ချက်ချင်း သေဆုံးသွားတယ်။ ကျန်တဲ့ ၂ ယောက်တော့ ဒဏ်ရာရသွားတယ်။ ဒါပေမယ့် အပြင်းအထန်တော့မရှိဘူး။” 

လေယာဉ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် အဲဒီကျေးရွာအနီးအနားက  စစ်ရှောင်စခန်းတွေမှာ စာသင်နေတဲ့ ကလေးငယ်တွေလည်း ကြောက်လန့်မှုနဲ့ ငိုယိုပြီး ထွက်ပြေးတိမ်းရှောင်နေ ရခဲ့ရပါတယ်။ 

လေကြောင်းပစ်ခတ်ခံရတဲ့နေရာနဲ့ အနီးအနားကျေးရွာတွေက အရပ်သားပြည်သူတွေဟာ လည်း  နီးစပ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။ 

//
Up