close

ဘီလာရုစ်စစ်လေယာဉ်ကွင်းအနီး ပေါက်ကွဲမှုဖြစ်

ဘီလာရုစ်နိုင်ငံရဲ့ ဇိုင်ယာဘရော့ဗ်ကာ စစ်လေယာဉ်ကွင်းအနီး ပေါက်ကွဲသံတွေ ကြားခဲ့ရ ပြီးနောက်မှာ လေယာဉ်ပြေးလမ်းတခုနဲ့ ပတ်ဝန်းကျင်ရှိ အပင်တွေပေါ်မှာ မီးလောင်ကျွမ်းထားတဲ့ အမှတ်အသားတွေကို ပြထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို သြဂုတ် ၁၂ ရက်က ရိုက်ယူရရှိခဲ့ပါတယ်။ 

သြဂုတ် ၁၁ ရက်ရဲ့ ညသန်းခေါင်ကျော်လောက်မှာ ဇိုင်ယာဘရော့ဗ်ကာ စစ်ဘက်လေဆိပ်အနီးမှာ ပေါက်ကွဲမှု ၈ ကြိမ်ထက်မနည်း ကြားခဲ့ရကြောင်း တယ်လီဂရမ် မက်ဆင်ဂျာမှ သတင်းပေးပို့ ချက်အရ သိရပြီး  ရိုက်တာအနေနဲ့ သီးခြားအတည်ပြုမပြုနိုင်သေးဘူးလို့ ဆိုပါတယ်။ 

ဘီလာရုစ်ကတော့ ဒီပေါက်ကွဲမှုဟာ နည်းပညာဆိုင်ရာ ဖြစ်ရပ်ကြောင့်လို့ ပြောကြားခဲ့ပါတယ်။

ပုံတွေမှာမြင်တွေ့ရတဲ့ ထပ်တူညီလုနီးပါး တွင်းချိုင့်တွေနဲ့ တပြိုင်နက်တည်း ပေါက်ကွဲသံတွေဟာ ယူကရိန်းမှ ကီလိုမီတာ ၃၀ (၁၉ မိုင်) အကွာမှာ တည်ရှိတဲ့ လေဆိပ်ကို တာဝေးပစ်လက်နက်တွေ ထိမှန်ခဲ့ကြောင်း ညွှန်ပြနေပုံပေါ်တယ်လို့ ဆိုပါတယ်။ 

ယူကရိန်းဟာ အဲဒီအခြေစိုက်စခန်းမှာ ပေါက်ကွဲမှုအတွက် တာဝန်ရှိကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆိုထားပြီး ပါဝင်ပတ်သက်မှု ရှိကြောင်းကိုလည်း မငြင်းဆန်ထားပါဘူး။ ဘီလာရုစ်ဟာ ရုရှားရဲ့ ရင်းနှီးတဲ့ မဟာမိတ်နိုင်ငံဖြစ်ပါတယ်။ 

//
Up