close

အင်ဒီယားနားတွင် ပေါက်ကွဲမှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံး၊ နေအိမ် ၃၉ လုံးပျက်စီး

အင်ဒီယားနားပြည်နယ် အီဗန်စ်ဗီးလ်ရှိ ရပ်ကွက်တခုမှာ ဩဂုတ် ၁၀ ရက် မွန်းလွဲပိုင်းက ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် လူ ၃ ဦးထက်မနည်း သေဆုံးပြီး နေအိမ် ၃၉ လုံး ပျက်စီးခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် စာရင်းမထည့်ရသေးတဲ့ တခြားသေဆုံးသူတွေ ရှိနိုင်တယ်လို့ အီဗန်စ်ဗီးလ် မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် နေအိမ် ၃၉ လုံး ပျက်စီးခဲ့ပြီး ၁၁ လုံးမှာ လူနေထိုင်လို့ မရတော့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဒေသခံတွေကို နယ်မြေရှင်းလင်းရေး လုပ်ထားဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

//
Up