close

စပိန်ဂီတပွဲတွင် လေပြင်းတိုက်သဖြင့် ဇာတ်ခုံပြိုကျပြီး ၁ ဦး သေဆုံး

စပိန်နိုင်ငံ ဗလန်စီယာမြို့အနီးက အကဂီတပွဲတော်တစ်ခုမှာ သြဂုတ် ၁၃ ရက် အစောပိုင်းက လေပြင်းတွေ တိုက်ခတ်မှုကြောင့် ဇာတ်ခုံပြိုကျခဲ့ရာက လူ တစ်ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ် ဝန်ဆောင်မှုဌာနတွေက ပြောကြားခဲ့ပါတယ်။

ဗလင်စီယာဒေသရဲ့တောင်ပိုင်းရှိ အရှေ့ဘက်ကမ်းရိုးတန်းမြို့ ကူယဲရာမှာ ၆ ရက်ကြာ ကျင်းပတဲ့ ဧရာမအီလက်ထရွန်နစ် ဂီတပွဲဖြစ်တဲ့ မာဒူဆာပွဲတော်မှာ မနက် ၄ နာရီလောက်မှာ လေပြင်း တိုက်ခတ်ခဲ့တာပါ။ 

ထူးထူးခြားခြား ရာသီဥတု အခြေအနေကြောင့် ပွဲတော်နေရာက တခြားအခြေခံအဆောက်အအုံ တွေလည်း ပျက်စီးခဲ့ကြောင်း နဲ့ ပွဲတော်ကို ခဏရပ်နားထားကြောင်း  ပွဲစီစဉ်သူတွေက ပွဲတော်ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဒဏ်ရာရသူတွေထဲမှာ ၃ ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေ ရခဲ့ပြီး ၁၄ ဦးက အသေးစားဒဏ်ရာတွေ ဖြစ်ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုတွေက တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လူ ၄၀ လာက်ကို ကုသပေးခဲ့ရကြောင်း ဒေသတွင်း ကျန်းမာရေးအာဏာပိုင်တွေက နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။ 

အမျိုးသားမိုးလေဝသ အေဂျင်စီ AEMET က ဗလင်စီယာဒေသမှာ ညအချိန် လေပြင်းတွေ တိုက်ခတ်ပြီး အပူချိန် ရုတ်တရက်မြင့်တက်လာခြင်းတွေ ရှိကြောင်းနဲ့ ဗလန်စီယာ ဒေသရှိ အလီကန့်တဲလေဆိပ်မှာ လေပြင်းဟာ တနာရီကို ၅၁ မိုင်နှုန်း တိုက်ခတ်ခဲ့ကြောင်း မှတ်တမ်းတင်ထားပါတယ်။ 

//
Up