နယူးဇီလန်ရှိ ရေဘေးသင့်ဒေသများတွင် ပြန်လည်ရှင်းလင်းရေးလုပ်ဆောင်

4
နယူးဇီလန်နိုင်ငံက ရေဘေးကြုံခဲ့ရတဲ့ဒေသမှာ ရေပြန်ကျသွားပြီးနောက် ဩဂုတ် ၂၁ ရက်က ရှင်းလင်းရေးတွေ စတင်လုပ်ဆောင်နေပါတယ်။
အရင်တပတ်က နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ မိုးသည်းထန်ခဲ့လို့ လူ ၅၀၀ လောက် အိမ်တွေကနေ ပြောင်းရွှေ့ခဲ့ရပါတယ်။
ရေဘေးဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ နယ်လ်ဆင်မြို့ရဲ့ မြို့တော်ဝန်က ပြန်လည်ထူထောင်ရေး လုပ်ဆောင်စရာ ကိစ္စတွေ တော်တော်များတယ်လို့ ပြောပါတယ်။
ဆောက်အိုင်လန် ဒေသအပါအဝင် အနောက်ကမ်းရိုးတန်းဒေသ၊ နယ်လ်ဆင် တက်စ်မန်း ဒေသ တွေမှာ သဘာဝကပ်ဘေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားတာတွေကို ပြန်မရုပ်သိမ်း သေးပါဘူး။
မြောက်ပိုင်းကျွန်းဒေသတွေက မြို့တွေတော်တော်များများလည်း ရေးဘေးကြောင့် လမ်းတွေ ပျက်စီးပြီး အသွားအလာတွေ ပြတ်တောက်နေပါတယ်။