close

နယူးဇီလန်တွင် မိုးသည်းထန်ပြီး ရေကြီး မြေပြို

နယူးဇီလန်နိုင်ငံ တောင်ပိုင်းမှာ ဒီရက်ပိုင်း မိုးသည်းထန်ခဲ့ပြီးနောက် သြဂုတ် ၁၉ ရက်နေ့မှာတော့ ရေကြီးတာနဲ့ မြေပြိုတာတွေကို ကြုံနေရပါတယ်။

နယ်လ်ဆင်ဒေသထဲမှာ ရွှံမြေတွေပျော်ကျပြီး နေရာတော်တော်များများမှာ လမ်းတွေ ပိတ်ဆို့ကုန်တာ၊ မြစ်ရေလျှံတာတွေ ဖြစ်နေပါတယ်။

လူဦးရေ ၅ သိန်းရှိတဲ့ နယ်လ်ဆင်မြို့မှာ အိမ်ခြေ ၄၀၀ က ပြည်သူတွေကို ဘေးလွတ်ရာ ကယ်ထုတ်ထားရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြဂုတ် ၁၉ ရက် ညပိုင်းအထိ မိုးသည်းထန်နိုင်ပြီး နောက်ထပ် မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ နယူးဇီလန် မိုးလေဝသဌာန MetService က အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားပါတယ်။

နယ်လ်ဆင်မြို့က ခန့်မှန်းခြေ လူ ၁,၂၀၀ လောက်ကို သူတို့အိမ်တွေကနေ ကယ်ဆယ်ရနိုင်တယ်လို့ Civil Defence ဌာနက အရာရှိတယောက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

//
Up