close

ရုရှားတိုက်ခိုက်ခံရသည့် ယူကရိန်းဒေသခံများ သောက်သုံးရေအခက်ကြုံ

ယူကရိန်းရဲ့ ရှေ့တန်းမြို့တွေနဲ့ ရုရှားဗုံးကြဲတိုက်ခိုက်တဲ့ဒေသက ပြည်သူတွေဟာ သောက်သုံးရေ ရရှိရေးအတွက် အရေးပေါ် ကယ်ဆယ်ရေးသမားတွေကို မှီခိုနေရပါတယ်။

ဒွန်နက်စ်ခ်ပြည်နယ်ရဲ့ တိုရက်စ်ခ်ဒေသရှိ ဒုက္ခရောက်နေတဲ့ ဒေသခံတွေဟာ ရေပြတ်လပ်မှုကို  ဆောင်းရာသီကတည်းက အချိန်အတော်ကြာ ရင်ဆိုင်နေကြရတာဖြစ်ပြီး ဒါဟာ နွေရာသီမှာလည်း ပြဿနာကြီးတရပ် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

“ရေရဖို့ လိုင်းအရှည်ကြီး တန်းစီရပြီး အပူချိန်ကလည်း ၄၀ ဒီဂရီ စင်တီဂရိတ် ရှိတယ်။ အပစ်အခတ်မရှိရင် ရေရဖို့ မြစ်ကိုသွားကြရတယ်။ ဒီမှာ လာပေးနေတဲ့ရေက အကူအညီဖြစ်တယ်” လို့ အသက် ၅၇ နှစ်အရွယ် ဒေသခံ နာတာလီယာက ပြောပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးသမားတွေဟာ ရေကို မြစ်ကနေစုပ်ယူ စစ်ထုတ်ပြီး ဒေသခံတွေဆီ ဖြန့်ဝေပေးပါတယ်။

ဒေသခံတွေဟာ ဘူးခွံတွေက ရေတွေကို ပလတ်စတစ်ပုံးတွေမှာ ဖြည့်ပြီး သယ်ရပြုရ လွယ်ကူတဲ့ တွန်းလှည်းတွေပေါ်တင်ကာ သယ်ဆောင်သုံးစွဲကြတာပါ။

ရုရှားနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒွန်နက်စ်ခ်ဒေသမှာ အခြေခံအဆောက်အအုံတွေနဲ့ တခြားအဆောက်အအုံတွေ အများအပြား ပျက်စီးခဲ့ပြီး ဒေသခံ‌တွေ ရေပြတ်တောက်ခဲ့ရပါတယ်။

//
Up