close

နှစ်ခါပြန် အလိမ်ခံရပြီး လူမှောင်ခိုကူးခံရမှုမှ ပြန်လွတ်လာသည့် ဟောင်ကောင်သား

ဟောင်ကောင်က အမျိုးသားတယောက်ဟာ  ထိုင်းနိုင်ငံမှာ အလိမ်ခံရပြီးနောက် မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲလူကုန်ကူးခံခဲ့ရကာ ပြန်လွတ်လာတယ်လို့  South China morning post သတင်းစာမှာ ဖော်ပြပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ အဲဒီအမျိုးသားဟာ ရက်ပေါင်း ၂၀ ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတယ်လို့ သူ့ရဲ့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ပိုမိုကောင်းမွန်တိုးတက်ကောင်းမွန်သော ဟောင်ကောင်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ရဲ့ လွှတ်တော်အမတ် အဲလိဇဘက်ကွက်က ပြောပါတယ်။

ဟောင်ကောင်က အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်ဟာ တလကို ဟောင်ကောင်ဒေါ်လာ ၁ သောင်း (အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်) ရရှိမယ့် ထိုင်းနိုင်ငံက ကာစီနို အလုပ်ကြော်ငြာကို အင်တာနက်ကနေတွေ့ရှိပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ ထိုင်းနိုင်ငံကို ဇူလိုင်လမှာ ရောက်ရှိလာခဲ့ပြီး အလိမ်ခံရမှန်းသိချိန်မှာ အဲဒီအလုပ်ကနေ ထွက်လာခဲ့ပါတယ်။ 

ဟောင်ကောင်ဒေသစည်းမျဉ်းအရ ပြန်ရင် ကွာရန်တင်းဝင်ဖို့လိုတာကြောင့် ဟိုတယ်ခ မတတ်နိုင်တဲ့ အဲဒီအမျိုးသားဟာ ဟောင်ကောင်ကို ချက်ချင်းမပြန်နိုင်သေးဘဲ နီးစပ်ရာမှာ အလုပ်ရှာခဲ့ပါတယ်။ 

အဲဒီနောက် လစာနည်းတဲ့ ရုံးအလုပ်တခုကိုတွေ့တဲ့ အချိန်မှာ အလိမ်အညာ မဟုတ်လောက်ဘူးအထင်နဲ့ ထပ်မံလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အဲဒီအလုပ်ဟာလည်း အတုအယောင်သာဖြစ်နေတာကြောင့် ပြန်ဖို့ခွင့်တောင်းရာမှာ အဲဒီကဝန်ထမ်းတဦးက မြို့ထဲကို ပြန်လိုက်ပို့ပေးမယ်လို့ ပြောခဲ့ပြီး မြန်မာနိုင်ငံထဲ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ လွှတ်တော်အမတ် အဲလိဇဘက်ကွက်က ပြောပါတယ်။

Ref-SCMP

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up