close

ဟောင်ကောင်သား

close

August 30, 2022

နှစ်ခါပြန် အလိမ်ခံရပြီး လူမှောင်ခိုကူးခံရမှုမှ ပြန်လွတ်လာသည့် ဟောင်ကောင်သား

ဟောင်ကောင်က အမျိုးသားတယောက်ဟာ  ထိုင်းနိုင်ငံမှာ အလိမ်ခံရပြီးနောက် မြန်မာနိုင်ငံထဲမှာ ပြန်ပေးဆွဲလူကုန်ကူးခံခဲ့ရကာ ပြန်လွတ်လာတယ်လို့  South China morning post သတင်းစာမှာ ဖော်ပြပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ အဲဒီအမျိုးသားဟာ ရက်ပေါင်း ၂၀ ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတယ်လို့ သူ့ရဲ့ အမှုကို ကူညီဆောင်ရွက်ပေးနေတဲ့ ပိုမိုကောင်းမွန်တိုးတက်ကောင်းမွန်သော ဟောင်ကောင်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ရဲ့ လွှတ်တော်အမတ် အဲလိဇဘက်ကွက်က ပြောပါတယ်။

ဟောင်ကောင်က အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်ဟာ တလကို ဟောင်ကောင်ဒေါ်လာ ၁ သောင်း (အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်) ရရှိမယ့် ထိုင်းနိုင်ငံက ကာစီနို အလုပ်ကြော်ငြာကို အင်တာနက်ကနေတွေ့ရှိပြီး လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာ ထိုင်းနိုင်ငံကို ဇူလိုင်လမှာ ရောက်ရှိလာခဲ့ပြီး အလိမ်ခံရမှန်းသိချိန်မှာ အဲဒီအလုပ်ကနေ ထွက်လာခဲ့ပါတယ်။ 

ဟောင်ကောင်ဒေသစည်းမျဉ်းအရ ပြန်ရင် ကွာရန်တင်းဝင်ဖို့လိုတာကြောင့် ဟိုတယ်ခ မတတ်နိုင်တဲ့ အဲဒီအမျိုးသားဟာ ဟောင်ကောင်ကို ချက်ချင်းမပြန်နိုင်သေးဘဲ နီးစပ်ရာမှာ အလုပ်ရှာခဲ့ပါတယ်။ 

အဲဒီနောက် လစာနည်းတဲ့ ရုံးအလုပ်တခုကိုတွေ့တဲ့ အချိန်မှာ အလိမ်အညာ မဟုတ်လောက်ဘူးအထင်နဲ့ ထပ်မံလျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ အဲဒီအလုပ်ဟာလည်း အတုအယောင်သာဖြစ်နေတာကြောင့် ပြန်ဖို့ခွင့်တောင်းရာမှာ အဲဒီကဝန်ထမ်းတဦးက မြို့ထဲကို ပြန်လိုက်ပို့ပေးမယ်လို့ ပြောခဲ့ပြီး မြန်မာနိုင်ငံထဲ ပြန်ပေးဆွဲခံခဲ့ရတယ်လို့ လွှတ်တော်အမတ် အဲလိဇဘက်ကွက်က ပြောပါတယ်။

Ref-SCMP

8 mins Ago

July 24, 2020

ဟောင်ကောင်သားများ ဗြိတိန်နိုင်ငံသားခံယူနိုင်တော့မည်

ဗြိတိန်အမျိုးသားနိုင်ငံရပ်ခြားဗီဇာ(BNO) ရှိတဲ့ ဟောင်ကောင်ဒေသခံတွေဟာ  ၂၀၂၁  ခုနှစ် ဇန်နဝါရီလကစလို့ ဗြိတိန်နိုင်ငံသား လျှောက်ထားနိုင်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ဇူလိုင် ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။ ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ   တရုတ်အစိုးရက  အမျိုးသားလုံခြုံရေးဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက်မှာ ဗြိတိန်အစိုးရက အခုလို ဆုံးဖြတ်လိုက်တာပါ။  အဲဒီဥပဒေဟာ ၁၉၈၄ ခုနှစ်မှာ  သဘောတူခဲ့တဲ့လွှဲပြောင်းရေး စာချုပ်စည်းကမ်းချက်တွေကို  ချိုး ဖောက်တယ်လို့ ဗြိတိန်အစိုးရက  ပြောပါတယ်။ တရုတ်အစိုးရကတော့ ဗြိတိန်ဟာ ဟောင်ကောင်နဲ့တရုတ်အရေးကိစ္စတွေကို ဝင်စွက်ဖက် တယ်လို့ စွပ်စွဲပါတယ်။  BNO visa ကိုင်ဆောင်ထားတဲ့ ဟောင်ကောင်ဒေသခံတစ်ယောက်ကလည်း ဗြိတိန်အစိုးရရဲ့ နိုင်ငံသားလျှောက်ထားခွင့်ပြုတဲ့ ကမ်းလှမ်းချက်ကို အံ့သြမိပြီး  ဗြိတိန်နိုင်ငံဆီ ပြောင်းရွှေ့ဖို့ စီစဉ် နေတယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရဟာ တရုတ်အစိုးရ ကန့်ကွက်နေတဲ့ကြားက  ဆုံးဖြတ်ခဲ့တာဖြစ်ပြီး  ဆုံးဖြတ်ချက်ကို ပြန်မပြင်ရင် တရုတ်နိုင်ငံအနေနဲ့  ပြင်းပြင်းထန်ထန်  တုံ့ပြန်သွားမယ်လို့ တရုတ်သံရုံးက သတင်း ထုတ်ပြန်ပါတယ်။ 
2 years Ago
Up