close

ပြည်တွင်းရွှေဈေး အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်လာ

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ပြင်ပဒေါ်လာပေါက်ဈေးနဲ့ပဲ အရောင်းအဝယ် ပြုလုပ်ခဲ့ပြီးနောက် မြန်မာပြည်တွင်း ရွှေဈေးဟာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ စံချိန်တင်မြင့်တက်လာပါတယ်။

အရင်က ပြည်တွင်းရွှေကို ဗဟိုဘဏ်က သတ်မှတ်တဲ့ ဒေါ်လာရည်ညွှန်းဈေးနဲ့ပဲ တွက်ချက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ အရောင်း အဝယ်လုပ်ဆောင်ခဲ့ကြပေမဲ့ အလုပ်မဖြစ်တာကြောင့် အခုလို ပြင်ပဒေါ်လာပေါက်ဈေးနဲ့ပဲ အရောင်းအဝယ် ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ရတာလို့  အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြည်တွင်းမီဒီယာတွေထံ ပြောကြားထားချက်အရ သိရပါတယ်။

ဒီနေ့ ဩဂုတ် ၃၀ ရက် ညနေပိုင်းမှာတော့ ပြင်ပနိုင်ငံခြားငွေဈေးကွက်မှာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းက တစ်ဒေါ်လာကို ကျပ် ၃၇၀၀ ဝန်းကျင်ထိ ရောက်ရှိခဲ့ပြီး ရွှေတစ်ကျပ်သား ဈေးနှုန်းက ၃၁ သိန်းကျော် ပေါက်ဈေးဖြစ်ပေါ်လာပါတယ်။

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ဩဂုတ် ၃၀ ရက် ညနေပိုင်း ရည်ညွှန်း ဈေးသတ်မှတ်ချက်ကတော့ တစ်ကျပ်သားကို ကျပ် သိန်း ၂၀၃၂၀၀၀ ဖြစ်ပါတယ်။

ဩဂုတ် ၂၇ ရက်နေ့ အစည်းအဝေးမှာ အပြင်ဈေးကွက်ပေါက်ဈေးနဲ့ အရောင်းအဝယ်တင်ဖို့  စစ်ကောင်စီရဲ့ ရွှေနဲ့ ငွေကြေး စောင့်ကြည့်ရေးကော်မတီက ညွှန်ကြားထားတဲ့အပြင် ကျပ်သိန်း ၂၀၀ အထက် ရွှေအရောင်းအဝယ်ကို ဘဏ်စနစ်နဲ့ လုပ်ဆောင်ဖို့ ၊ YGEA ရည်ညွှန်းဈေးကို ဗဟိုဘဏ် ပေါက်ဈေးအတိုင်းသာ တွက်ချက်ထုတ်ပြန်ဖို့ကိုလည်း  ညွှန်ကြားထားတယ်လို့ အသင်းဥက္ကဋ္ဌဦးမျိုးမြင့်က ပြည်တွင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up