၂၀၂၂ ခုနှစ် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များစာရင်းတွင် အမေရိကန်နှင့် ဗြိတိန်က ဦးဆောင်

၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေစာရင်းကို ထုတ်ပြန်ရာမှာ အမေရိကန်နဲ့ ဗြိတိန်တက္ကသိုလ်တွေက ဦးဆောင်နေပါတယ်။
ဒီစာရင်းမှာတော့ အမေရိကန်နည်းပညာထိပ်တန်းတက္ကသိုလ်တခုဖြစ်တဲ့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်ကထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာတော့ ဗြိတိန်နာမည်ကြီး အောက်စဖို့ဒ်တက္ကသိုလ်က ရပ်တည်နေပါတယ်။
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ အမေရိကန် တက္ကသိုလ် ၅ ခုနဲ့ ဗြိတိန်တက္ကသိုလ် ၄ ခုပါဝင်နေပြီး ဆွစ်ဇာလန်တက္ကသိုလ် ၁ ခု ပါဝင်နေခဲ့တာပါ။
ဗြိတိန်အခြေစိုက် ပညာရေးသုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ QS World University Rankings က ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များအဆင့်သတ်မှတ်မှုမှာတော့ ကမ္ဘာ့တက္ကသိုလ်ပေါင်း ၁၃၀၀ ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှု၊ ကျော်စောသတင်းနဲ့ နိုင်ငံတကာ အမြင်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။
အခုနှစ်စာရင်းရဲ့ ထိပ်တန်းတက္ကသိုလ် ၂၀ စာရင်းထဲမှာတော့ အာဆီယံဒေသတွင်း နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ စင်ကာပူအမျိုးသား တက္ကသိုလ်နဲ့ နန်ယန်နည်းပညာတက္ကသိုလ်တွေက အဆင့် ၁၁ နဲ့ ၁၂ နေရာ တွေမှာ အသီးသီးရပ်တည်နေပြီး အာရှထိပ်တန်းတက္ကသိုလ်တွေအဖြစ် ရှိနေခဲ့ပါတယ်။