close

အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၂၀၀ ကျော်က ထိုင်းစက်ရုံပိုင်ရှင်ကို တရားစွဲ

ထိုင်းနိုင်င် နခွန်ပထုန်ခရိုင်၊ အုန်းရိုင်ကုန်တိုက် (Big C) အနီးက Sukboontip.Co., Ltd အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ကို အလုပ် ထုတ်ပယ်လိုက်ပြီး  ရသင့်ရထိုက်တဲ့ နစ်နာကြေး မပေးတာကြောင့် စက်ရုံပိုင်ရှင်ကို တရားစွဲ ထားတယ်လို့  အလုပ်သမားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရဲမင်း (AAC) က ပြောပါတယ်။

အဲဒီ အထည်ချုပ်အလုပ်ရုံမှာ  လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၂၀၃ ယောက်ကို စက်တင်ဘာ ၅ ရက်က လစာထုတ်ပေးပြီး အလုပ်ထုတ်လိုက်တာဖြစ်ပြီး သူတို့ဟာ အလုပ်လုပ်ခွင့် အထောက်အထား အပြည့်အစုံကိုင်ဆောင်ထားသူတွေဖြစ်သလို လုပ်သက်မပြည့်သေးတဲ့ အလုပ်သမား အနည်းငယ်ပဲ ပါဝင်တယ်လို့ သိရပါတယ်။

စက်ရုံအလုပ်သမားတွေကို ကူညီပေးနေတဲ့ ကိုရဲမင်းက "ဒီအလုပ်သမားတွေက ထိုင်းအစိုးရက လုပ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ပန်းရောင်ကပ် ကိုင်ဆောင်ထားပြီး ပုံမှန် အလုပ်ဆင်းနေတဲ့ လူတွေပါ။ စက်ရုံက ပန်းရောင်ကပ် လုပ်ပေးတဲ့နေရာမှာလည်း ဈေးအကြီးကြီး ပေးပြီး လုပ်ထားရတာပါ။ လက်ရှိ စစ်ကောင်စီက အေဂျင်စီတွေနဲ့ ပို့မယ့် MOU  အလုပ်သမား အသစ်တွေ ထပ်ရောက်လာမှာ ဖြစ်တဲ့အတွက် ဒီအလုပ်သမားတွေကို အလုပ်ဖြုတ်တာဖြစ်တယ်။ အလုပ်ပြုတ်သွားသူ တဦးကို နစ်နာကြေး ဘတ် ၁ သောင်းကျော်ပေးရမှာကို ဘတ် နှစ်ထောင်ပဲ ပေးလို့ အလုပ်သမားတွေက ကျေနပ်မှုမရှိတာကြောင့် တရားစွဲတာ"  လို့  ပြောပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတွေဟာ တခြားအလုပ်ကိုပြောင်းရွှေ့ဖို့အတွက် စာရွက်စာတန်း တွေ ကိစ္စတွေကို စက်ရုံက ၂ လအတွင်းပေးမယ်လို့ ပြောထားတာပေမယ့် ကိုရဲမင်း ဦးဆောင်တဲ့ (AAC မဟာမိတ်) နဲ့ ထိုင်းအာဏာပိုင်တွေ ချိတ်ဆက်ကူပေးတဲ့အခါမှာ တပတ်အတွင်းကို စာရွက်စာတန်းတွေ အဆင်ပြေအောင်လုပ်ပေးမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အဆိုပါအလုပ်သမားတွေအတွက် အလုပ်ပြောင်းရွှေ့တဲ့နေရာမှာ လိုအပ်တဲ့ စာရွက်စာတန်းတွေ တပတ်အတွင်း ရရှိရေး တယောက်ကို နစ်နာကြေး ဘတ် ၁ သောင်း ရရှိရေးအတွက် တရားစွဲဆိုထားတဲ့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့ ကိုရဲမင်း က ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံအတွင်း တရားမဝင်လမ်းကနေ ဝင်ရောက်လာတဲ့ အလုပ်သမား အများအပြား ရှိနေပြီး ထိုင်းနိုင်ငံအတွင်းမှာ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရတာ ကြောင့် တရားမဝင်လမ်းကနေ မဝင်ကြဖို့ ကိုရဲမင်းက အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံအတွင်း မေလကစပြီး  အလုပ်သားလိုအပ်ချက် ဖြည့်တင်းနိုင်ဖို့ နှစ်နိုင်ငံသဘောတူ စာချုပ် MOU စနစ် နဲ့ မြန်မာလုပ်သားမားတွေကို စတင်ခေါ်ယူနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up