close

ဒီးမော့ဆိုမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး RPG ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက သေးဆူးလဲရွာတိုက်ပွဲမှာ ကရင်နီပူးပေါင်းတပ်ဖွဲ့က  RPG နဲ့ ပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်သား လေးယောက် သေဆုံးတယ်လို့   KNDF/B-05 က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၂ ရက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ် ၅ KNDF/B-05 နဲ့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU ပူးပေါင်းတပ်ဖွဲ့တွေဟာ သေးဆူးလဲရွာမှာ ကင်းထောက်နေချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

အဆိုပါတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းအဖွဲ့ဘက်က RPG နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို KRU ရဲဘော်တွေကလည်း  လက်နက်ကြီးပစ်ကူတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးပစ်ကူ အနည်းဆုံး နှစ်ကြိမ်လောက် ပြန်လည် ပစ်ခတ်ခဲ့ပေမဲ့ ကရင်နီပူးပေါင်းတပ်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၂ ရက်မနက် ၈ နာရီ ၄၅ မိနစ်လောက်ကလည်း ကယန်းသာယာကျေးရွာအနီးရှိ စစ်ကောင်စီတပ်ကို  KNDF /B-14 နဲ့  BO-2 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်က  အရာရှိဗိုလ်တစ်ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အခုရက်ပိုင်းတွေအတွင်း စစ်ကောင်စီဟာ ကရင်နီပြည်နယ်ရဲ့ ဒေသတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ မိုးဗြဲဒေသကို ဝင်ရောက်တိုက်ခိုက်နေတာ ၅ ရက်လောက်ရှိပြီဖြစ်ပြီး တချို့ စစ်ကောင်စီတပ်တွေကတော့ ကရင်နီတပ်တွေရဲ့ ခုခံမှုကို မခံနိုင်တော့ဘဲ ပြန်လည် ဆုတ်ခွာနေရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up