အိန္ဒိယတွင် မိုးသည်းထန်ပြီး အိမ်နံရံပြိုကျ၊ ကလေး ၃ ဦးအပါအဝင် အနည်းဆုံး ၉ ဦးသေဆုံး

အိန္ဒိယမြောက်ပိုင်း အူတာပရာဒေ့ရှ်ပြည်နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် အိမ်နံရံပြိုကျတဲ့အတွက် ကလေးငယ် ၃ ယောက် အပါအဝင် အနည်းဆုံး လူ ၉ ေယာက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။
ပြည်နယ်မြို့တော် လပ်က်နောင်းမှာ သောကြာနေ့ အစောပိုင်းက ပြိုကျမှုဖြစ်ပွားချိန်မှာ သေဆုံးသူတွေဟာ အိပ်ပျော်နေကြပြီး သူတို့ဟာ လက်လုပ်လက်စားတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဖြစ်ကြတယ်လို့ အူတာပရာဒေ့ရှ်ပြည်နယ် ဒုတိယဝန်ကြီးချုပ်က ဒေသတွင်း သတင်းမီဒီယာတွေကို ပြောပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးပြည်နယ်က နေရာအတော်များများမှာ စက်တင်ဘာ ၁၅ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးမှုကြောင့် စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေကို ပိတ်ထားခဲ့ရကြောင်း ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
သေဆုံးသူစုစုပေါင်း ၉ ယောက်ကို ဆေးရုံပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ယောက်ကို ကုသပေးခဲ့ကြောင်း လပ်က်နောင်းမြို့ပြဆေးရုံ ဒါရိုက်တာ အာနန်ဒ် အိုဂျ်ဟာက ပြောပါတယ်။