ဗြိတိန်ဘုရင်ချားလ်နှင့် ကမ္ဘာ့ခေါင်းဆောင်များတွေ့ဆုံ

ဗြိတိန်ဘုရင်သစ် ချားလ်စ်ဟာ ကွယ်လွန်သွားတဲ့ ဘုရင်မကြီးရဲ့နိုင်ငံတော်ဈာပန မတိုင်မီ စက်တင်ဘာ ၁၇ ရက်က ဘက်ကင်ဟမ်နန်းတော်မှာ ကမ္ဘာတဝန်းက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ချားလ်စ်ဘုရင်ဟာ ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒူ၊ သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်လ်ဘာနိစ်၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျာစင်ဒါ အာဒန်၊ ဂျမေကန် ၀န်ကြီးချုပ် အန်ဒရူး ဟိုးလ်နက်စ်နဲ့ ဘဟားမားစ်ဝန်ကြီးချုပ် ဖိလစ် ဒါဗစ်တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နန်းသက် နှစ် ၇၀ အကြာ အဲလိဇဘက်ဘုရင်မကြီးဟာ စကော့တလန်ကုန်းမြင့်က သူ့ရဲ့ နွေရာသီအိမ်မှာ ကွယ်လွန်ချိန်ကစပြီး နိုင်ငံတဝန်းမှာ ၁၀ ရက်ကြာ အစီအစဉ်တွေ လုပ်ခဲ့ပါတယ်။
စက်တင်ဘာ ၁၉ ရက် ဈာပနအခမ်းအနားကို ကမ္ဘာတဝန်းက သမ္မတနဲ့ အစိုးရ အကြီးအကဲအယောက် ၁၀၀ နီးပါး တက်ရောက်မှာလည်း ဖြစ်ပါတယ်။