close

NUG ကို အသိအမှတ်ပြုရန် နိုင်ငံခြားပညာတော်သင်အဖွဲ့ ကမ္ဘာ့ခေါင်းဆောင်များထံ အိတ်ဖွင့်စာ ပေးပို့

ဓာတ်ပုံ-coconuts

မြန်မာနိုင်ငံအရေးအတွက် ကျွမ်းကျင်အတတ်ပညာရှင်တွေ၊ ပညာတတ်တွေ အယောက် ၁၀၀ လောက်ပါဝင်တဲ့ နိုင်ငံခြားပညာတော်သင်အဖွဲ့တဖွဲ့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုပေးဖို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဆီ တိုက်တွန်းထားတဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုလိုက်ပါတယ်။ 

စာထဲမှာ NUG အစိုးရကို အသိအမှတ်ပြုတာဟာ မြန်မာနိုင်ငံတွင်းက နှစ်ပေါင်း ၇၀ လောက်ကြာနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး နိုင်ငံ့သမိုင်းမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ကျယ်ပြန်တဲ့ ပေါင်းစည်းမှုတွေနဲ့အတူ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဆောင်ကြဉ်းတဲ့ သမိုင်းဝင် အခွင့်အရေးတရပ်ကို ဖော်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒီစာကို သြစတြေးလျ၊ ကနေဒါ၊ ယူနိုက်တက်ကင်းဒမ်း၊ ယူနိုက်တက်စတိတ်နဲ့ ဥရောပတို့ အပါအ၀င် ကမ္ဘာအနှံ့က ပညာရှင်များ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့ မြန်မာ့ဒီမိုကရေစီကို ဘယ်လို အကောင်းဆုံးပံ့ပိုး ပေးနိုင်မယ်ဆိုတာကို သတင်းအချက်အလက်ပေးဖို့ ကမ္ဘာတဝှမ်းက အစိုးရတွေနဲ့ သံတမန် အကြီးအကဲများဆီ ဒီစာကို ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။

 ဒါက မြန်မာပြည်နဲ့ပြည်သူတွေအတွက် တပ်မတော်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မှုမရှိဘဲ ပိုကောင်းတဲ့အနာဂတ်ကို ရယူဖို့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုရဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း မြန်မာအတွက် ပညာရှင်များအဖွဲ့ ပြောခွင့်ရ Georg Bauer က ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up