ဒိုင်ကို ကစားသမားများ ဝိုင်းဝန်းစောဒကတက်မှုဖြင့် မန်ယူအသင်း အရေးယူခံရမည်

မန်ယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ ကစားသမားတွေကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့တာကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)ရဲ့ အရေးယူခံရဖို့ ရှိနေပါတယ်။
အဲဒီပွဲစဉ်မှာ ကွင်းလယ်ဒိုင် ခရိတ်ပေါဆင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မန်ယူအသင်းသားတွေက ဝိုင်းဝန်းစောဒကတက်ခဲ့ကြတာပါ။
မန်ယူအသင်းသားတွေဟာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဂိုးကို ခွင့်မပြုခဲ့မှုအတွက် ဒိုင်လူကြီးကို ဒေါသတကြီး စောဒကတက်ခဲ့ကြပြီး အဲဒီလိုအပြုအမှုအတွက် ဒိုင်လူကြီး ခရိတ်ပေါဆင်က FA ထံ အစီရင်ခံစာတင်သွင်းခဲ့ပါတယ်။
ကစားသမားတွေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး မန်ယူအသင်းတာဝန်ရှိသူတွေဘက်က တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်း FA ကစွပ်စွဲခဲ့ပြီး လာမယ့်အပတ်ပွဲစဉ် တွေမတိုင်ခင် ဒဏ်ကြေးရိုက်ဖို့ ရှိနေပါတယ်။
နည်းပြတန်ဟတ်ဂ်ကတော့ ဒိုင်တွေနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပေမယ့် ပွဲကြည့်တဲ့သူတိုင်းက မြင်တဲ့အရာ ဖြစ်တယ်လို့ ပြောထားပါတယ်။