close

ဘင်္ဂလားဒေ့ရှ်ကိုပို့မည့် မှောင်ခိုစက်လှေ ၂ စီးဖမ်းမိ

ရခိုင်ပြည်နယ် မောင်တောကနေ ဘင်္ဂလားဒေ့ရှ်ကို ပို့မယ် မှောင်ခို စက်လှေ ၂ စီးကို အောက်တိုဘာ ၂၀ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီနေ့ ညက မကျည်းချောင်းရွာမှာ ရွှေထည်မျိုးစုံ ၁၀၇ ကျပ်သားပါတဲ့ စက်လှေတစီးနဲ့ မောင်တော လှေဆိပ်မှာ အရက်မျိုးစုံပါ ဖာ ၁၀၀ ကျော်ပါတဲ့ စက်လှေ တစီးကို ဖမ်းဆီးရမိခဲ့တာပါ။ 

မောင်တော​လှေဆိပ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တောင်ပြိုလက်ယာကတဆင့် တရားမဝင် စီးကရက် နဲ့ ကော်ဖီမစ်တွေအပြင် အခြားကုန်ပစ္စည်းတွေ တရာမဝင်ပို့ဆောင်နိုင်ဖို့ နယ်ခြားစောင့်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပို့နေကြတယ်လို့ မောင်တောဒေသကုန်သည်တဦးက ဆိုပါတယ်။ 

"မောင်တောဘုတ်ဆိပ်ကနေ တောင်ပြိုဘုတ်ဆိပ် အဲဒီကနေ တောင်ပြိုလက်ယာ Zeroline အထိ နယ်ခြားစောင့်တွေ ပို့ပေးနေကြတာ။ ကုန်းလမ်းကကျတော အားလုံး အပိတ် ပြထားတယ်။ ရေလမ်းကနေ သူတို့က ကယ်ရီ လုပ်စားနေကြတာ။ အခုမှ အရက်ဖာတွေကို အဖမ်းပြနေတာ။"

ထိုအတူ နတ်မြစ်ဝရှိ ကျေးရွာတွေဖြစ်တဲ့ မကျည်းချောင်း၊ မောင်နီကျေးရွာတွေကလည်း နယ်ခြားစောင့်ရဲတွေနဲ့ ညှိနှိုင်းပြီး တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ညအချိန် တရားမဝင် ကုန်တွေကို နေစဥ် ပို့ဆောင်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ မောင်တောမြို့မရဲစခန်းက ရွှေမှောင်ခိုပို့ စက်လှေပိုင်ရှင်ကို သွင်ကုန်း/ ထုတ်ကုန်ပုဒ်မ ၈/၁၀၊ ဖမ်းမိတဲ့ အရက်ဖာ ပိုင်ရှင်ကို ယစ်မျိုးအက်ပုဒ်မ ၃၀(က) တို့တဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up