close

နယူးဒေလီတွင် မီးခိုးမြူကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု မြင့်တက်နေ

မောင်းသူမဲ့လေယာဉ်က ရိုက်ယူထားတဲ့ မှတ်တမ်းတွေအရ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ မီးခိုးမြူတွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေလို့ လေထုအရည်အသွေးဟာ နိုဝင်ဘာ ၅ ရက်မှာ မြို့တွင်းနေထိုင်သူတွေအတွက် အသက်ရှုဖို့ အဆင်မပြေသေးဘူးဆိုတာ ပြသခဲ့ပါတယ်။

အိမ်နီးနားချင်းပြည်နယ်တွေမှာ ကောက်ပဲသီးနှံ စိုက်ခင်းတွေက အမှိုက်မီးရှို့တဲ့အတွက် မီးခိုးမြူတွေနဲ့ အအေးလွန်ကဲတဲ့လေထုကြောင့် ဆောင်းရာသီတိုင်း ဒေလီတခွင်မှာ ညစ်ညမ်းတဲ့ မီးခိုးမြူတွေ ဖြစ်ပေါ်နေပါတယ်။

မြို့တွင်းလူဦးရေ သန်း ၂၀ အကြား အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ဖြစ်ပွားမှု မြင့်တက်နေပါတယ်။

လေထုအရည်အသွေးညွှန်းကိန်း (AQI) ဟာ နိုဝင်ဘာ ၅ ရက်က မြို့တော်နယ်မြေရဲ့ ခရိုင်အများစုအတွင်း အန္တရာယ်ရှိအဆင့်မှာ ရှိနေပါတယ်။

နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်က လယ်သမားတွေဟာ ရိုးပြတ်အမှိုက်တွေကို မီးဆက်ရှို့ကြလို့ ကူကယ်ရာမဲ့ ဖြစ်နေတာပါ။

ရိုးပြတ်သီးနှံ အကြွင်းအကျန်တွေကို ဖယ်ရှားရာမှာ ဈေးကြီးတဲ့နည်းလမ်းတွေကို မတတ်နိုင်ဘူးလို့ သူတို့က ပြောပါတယ်။

လေထုအရည်အသွေး၊ မိုးလေဝသ ခန့်မှန်းချက်နဲ့ သုတေသနစနစ်အရ ဒေလီမြို့ခံတွေ အပြင်မထွက်ဖို့နဲ့ ရှောင်လွှဲလို့မရရင် N-95 ဒါမှမဟုတ် P-100 မျက်နှာဖုံးတွေ ဝတ်ဆင်ဖို့ အကြံပြုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up