close

မုံရွာ ထန်းလေးပင်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၇ ဦးနှင့် PDF ရဲဘော် ၆ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တောင်နယ်အခြမ်းရှိ ထန်းလေးပင်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေ သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးပြီး PDF ရဲဘော် ၆ ဦးကျဆုံးသွားတယ်လို့  မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) က ထုတ်ပြန်ပါတယ်။

ထန်းလေးပင်ရွာတွင် အင်အား ၁၅၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂၊ ၃၊ ၄ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ဦးဆောင်ပြီး မုံရွာခရိုင်ပြည်သူ ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ တပ်ခွဲ - ၄ 5/Teachers PDF၊ Springs Dove ၊ ရွှေညီအကို ပြောက်ကျားတပ်ဖွဲ့တို့က နိုဝင်ဘာ ၆ ရက်နေ့  မွန်းတည့် ၁၂ နာရီလောက် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က စက်သေနတ်တွေ၊ လက်နက်ကြီး အချက်ရေ  ၈၀  ကျော်၊ RPG အချက်ရေ ၂၀ ကျော်၊ မူးဝေစေတဲ့ ဗုံးတွေ (ဓာတုလက်နက်) အပြင် စစ်ကြောင်း ၃ ကြောင်း၊ လက်နက်သာလွန်အင်အားတို့နဲ့ ပြောက်ကျားစစ် လည်ပြန်ထိုးဆင်လာတာကြောင့် PDF ရဲဘော် ၆ ဦးကျဆုံးပြီး သေနတ် ၅ လက်နဲ့ ကျည်တချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ Chindwin Attack Force  တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

"တိုက်ပွဲက နေ့လယ်ပိုင်းကနေ ညနေလောက်အထိ ဖြစ်တာပါ။ ရဲဘော်တွေက ကျည်မလောက်လို့ နောက်ပြန်ဆုတ်ရင်း စနိုက်ပါနဲ့ပစ်ခံရလို့ ၄ ဦးကျသွားတယ်။ ကျန်တဲ့ နှစ်ယောက်က အဖမ်းခံလိုက်ရပြီး စစ်ဆေးမေးမြန်းတာ ဘာမှမပြောလို့ သေနတ်တေ့ပစ်သတ်သွားတယ်။ ညီအစ်ကိုတွေလို နေခဲ့လို့ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။”

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up