close

လိင်တူချစ်သူများအခွင့်အရေးအတွက် အမေရိကန်ဘောလုံးအသင်း လိုဂိုအရောင်ပြောင်းလဲ

ကာတာကမ္ဘာ့ဖလား ယှဉ်ပြိုင်မယ့် အမေရိကန်အသင်းဟာ လိင်တူချစ်သူများအခွင့်အရေးကို တောင်းဆိုတဲ့အနေနဲ့ အသင်းလိုဂို အမှတ်တံဆိပ်ကို အရောင်လဲ ပြောင်းလဲဝတ်ဆင်သွားမှာပါ။

အမေရိကန် ဘောလုံးအသင်းဂျာစီရဲ့ ဘယ်ဘက်ရင်အုံမှာရှိတဲ့ အနီရောင်အစင်းလိုင်းတွေကို လိင်တူချစ်သူများ အခွင့်အရေးလူပ်ရှားမှုကို ကိုယ်စားပြုတဲ့ သက်တံရောင်အစင်းလိုင်တွေကို ပြောင်းလဲရိုက်နှိပ် ဝတ်ဆင်သွားမှာပါ။

ကာတာနိုင်ငံဟာ လိင်တူချစ်သူအခွင့်အရေးတွေကို ပိတ်ပင်ထားတဲ့နိုင်ငံဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေလည်း ရှိခဲ့လို့ ဥရောပနိုင်ငံအများစုကလည်း တစ်နည်းတစ်ဖုံနဲ့ ဆန္ဒပြ တောင်းဆိုသွားကြမှာပါ။

အမေရိကန်အသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အဖြစ် လာမယ့် တနင်္လာနေ့မှာ ဝေးလ်အသင်းနဲ့ စတင်ရင်ဆိုင်သွားရမှာပါ။

ကာတာနိုင်ငံက အမေရိကန်လေ့ကျင့်ရေးကွင်း တစ်လျှောက်မှာလည်း အမေရိကန်အသင်းရဲ့ လိုဂိုအမှတ်တံဆိပ်အတွင်းထဲမှာ သက်တံအရောင်တွေ ပြောင်းလဲခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up