close

အမေရိကန်ခရစ္စမတ်ချီတက်ပွဲ၌ လူ ၆ ဦး သေဆုံးခဲ့မှု ကျူးလွန်သူကို ထောင် တစ်သက်တစ်ကျွန်းချ

အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်မှာ မနှစ်က မြို့ကြီး မီလ်ဝေါကီးအနီးက ခရစ္စမတ်ချီတက်ပွဲမှာ လူ ၆ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကားနဲ့ ဝင်တိုက်ခဲ့မှုမှာ ကျူးလွန်သူ ဒါရဲလ်ဘရွတ်ခ်စ်ကို နိုဝင်ဘာ ၁၆ ရက်မှာ လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

ဘရွတ်ခ်စ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက အားကစားပစ္စည်းတွေ တင်ထားတဲ့ကားနဲ့   ရဲအတားအဆီး တွေကို တမင်တကာ ဖြတ်ကျော်မောင်းနှင်ခဲ့ပြီးတော့ မီလ်ဝေါကီးမြို့ရဲ့အနောက်ဘက် ၁၅ မိုင် အကွာက ဝါးကီရှားမှာ နှစ်စဉ်ချီတက်ပွဲမှာပါဝင်နေတဲ့ လူအုပ်ထဲကို မောင်းချခဲ့တာပါ။

လိမ္မော်ရောင် ထောင်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ ဘရွတ်ခ်စ်ဟာ သူ့ရဲ့ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး စီရင်ချက်မချခင် ၂ နာရီကြာ စကားပြောခဲ့ပါတယ်။ 

ဝစ္စကိုဆင်မြို့ရဲ့ ဝါးကီရှားကောင်တီရှိ တိုက်နယ်တရားရုံး တရားသူကြီး ဂျနီဖှာဒိုရိုး ဟာ အောက်တိုဘာ ၂၆ ရက်မှာ အသက် ၄၀ အရွယ် ဒါရဲလ် ဘရွတ်ခ်စ် ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ၆ မှုအပါအဝင် ရာဇ၀တ်မှု ၇၆ မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် တသက်ပြစ်ဒဏ်ကို ၆ ကြိမ်ဆက်တိုက် ချမှတ်ခဲ့တာပါ။ 

ကျူးလွန်သူ ဘရွတ်ခ်စ်ဟာ နောင်တမရ၊ စာနာမှုမရှိကြောင်း ပြသခဲ့တာကြောင့် ရာဇ၀တ်မှုတွေရဲ့ ပြင်းထန်မှုကို အလေးပေး ဖော်ပြတဲ့အနေနဲ့ တရားသူကြီးက သူ့ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှာ အနည်းဆုံး နောက်ထပ် ၁,၀၆၇ နှစ်ကို ပေါင်းထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up