close

ကျူးလွန်သူ

close

November 18, 2022

အမေရိကန်ခရစ္စမတ်ချီတက်ပွဲ၌ လူ ၆ ဦး သေဆုံးခဲ့မှု ကျူးလွန်သူကို ထောင် တစ်သက်တစ်ကျွန်းချ

အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်မှာ မနှစ်က မြို့ကြီး မီလ်ဝေါကီးအနီးက ခရစ္စမတ်ချီတက်ပွဲမှာ လူ ၆ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ကားနဲ့ ဝင်တိုက်ခဲ့မှုမှာ ကျူးလွန်သူ ဒါရဲလ်ဘရွတ်ခ်စ်ကို နိုဝင်ဘာ ၁၆ ရက်မှာ လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ 

ဘရွတ်ခ်စ်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလက အားကစားပစ္စည်းတွေ တင်ထားတဲ့ကားနဲ့   ရဲအတားအဆီး တွေကို တမင်တကာ ဖြတ်ကျော်မောင်းနှင်ခဲ့ပြီးတော့ မီလ်ဝေါကီးမြို့ရဲ့အနောက်ဘက် ၁၅ မိုင် အကွာက ဝါးကီရှားမှာ နှစ်စဉ်ချီတက်ပွဲမှာပါဝင်နေတဲ့ လူအုပ်ထဲကို မောင်းချခဲ့တာပါ။

လိမ္မော်ရောင် ထောင်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ ဘရွတ်ခ်စ်ဟာ သူ့ရဲ့ရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပြီး စီရင်ချက်မချခင် ၂ နာရီကြာ စကားပြောခဲ့ပါတယ်။ 

ဝစ္စကိုဆင်မြို့ရဲ့ ဝါးကီရှားကောင်တီရှိ တိုက်နယ်တရားရုံး တရားသူကြီး ဂျနီဖှာဒိုရိုး ဟာ အောက်တိုဘာ ၂၆ ရက်မှာ အသက် ၄၀ အရွယ် ဒါရဲလ် ဘရွတ်ခ်စ် ကို ရည်ရွယ်ချက်ရှိရှိ လူသတ်မှု ၆ မှုအပါအဝင် ရာဇ၀တ်မှု ၇၆ မှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် တသက်ပြစ်ဒဏ်ကို ၆ ကြိမ်ဆက်တိုက် ချမှတ်ခဲ့တာပါ။ 

ကျူးလွန်သူ ဘရွတ်ခ်စ်ဟာ နောင်တမရ၊ စာနာမှုမရှိကြောင်း ပြသခဲ့တာကြောင့် ရာဇ၀တ်မှုတွေရဲ့ ပြင်းထန်မှုကို အလေးပေး ဖော်ပြတဲ့အနေနဲ့ တရားသူကြီးက သူ့ရဲ့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှာ အနည်းဆုံး နောက်ထပ် ၁,၀၆၇ နှစ်ကို ပေါင်းထည့်ပေးလိုက်တာ ဖြစ်ပါတယ်။ 

7 mins Ago

November 13, 2020

အက်ဆစ်ဖြင့်တိုက်ခိုက်ခံခဲ့ရသည့် အီရန်မော်လ်ဒယ်က ကျူးလွန်သူကို အပြစ်ပေးရန်တောင်းဆို

ခင်ပွန်းသည်နဲ့ ကွာရှင်းပြီးတဲ့နောက် အက်ဆစ်နဲ့ တိုက်ခိုက်ခံရလို့ မျက်လုံးကွယ်ခဲ့ရတဲ့ အီရန်မော်ဒယ် တယောက်ဟာ သူ့အဖြစ်ဆိုးကို ထုတ်ပြောလိုက်ပြီး ကျူးလွန်သူကို ပိုပြင်းပြင်း ထန်ထန် အပြစ်ပေးဖို့ ဆော်သြလိုက်ပါတယ်။ တိုက်ခိုက်ခံရချိန်က ၂ နှစ်အရွယ် သားတယောက် မိခင် မာဆောင်မာ အာတေးရီဟာ ယောက္ခထီးဟောင်းရဲ့ အက်ဆစ်နဲ့ ပက်တာခံရလို့ မျက်နှာ၊ ကိုယ်ခန္ဓာနဲ့ လက်တွေမှာ ဆိုးဆိုးရွားရွား လောင်ကျွမ်း ခဲ့တာပါ။  လူမြင်မခံချင်လို့ အိမ်ထဲက ထွက်ဖို့ နှစ်ပေါင်းများစွာ  ငြင်းရင်း စိတ်ကျရောဂါကို ခံစားခဲ့ရ တာ လွန်ခဲ့တဲ့ ၁၀နှစ်တည်းကပါ။  တိုက်ခိုက်ခံရလို့ ပုံပျက်သွားတာက သူချစ်မြတ်နိုးတဲ့အလုပ်ကို မလုပ်ဖို့ ဟန့်တား မထား နိုင်ဘူးလို့ ဆုံးဖြတ်ချက်ချအပြီးမှာ ခုတော့ သူဟာ အီရန်ရဲ့ အထူးချွန်ဆုံး မော်ဒယ်တွေထဲက တယောက်အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ခုတော့ အီရန် ရိုးရာရောင်စုံဖက်ရှင်ဝတ်စုံတွေအတွက် မော်ဒယ် ဖြစ်နေပါပြီ။  မာဆောင်မာဟာ တီရန်မြို့တော်မှာ မတူတဲ့ ခွဲစိတ်ကုသမှုပေါင်း ၃၈ ကြိမ် ခံယူခဲ့ပြီး မျက်စိ ပြန်မြင်အောင် အမေရိကန်နိုင်ငံမှာ တနှစ်ကြာ နေထိုင်ရင်း ကုသမှု ခံယူခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ၂၀၁၉မှာတော့ အက်ဆစ်နဲ့ တိုက်ခိုက်မှုတွေ ပိုတင်းကြပ်တဲ့ ပြစ်ဒဏ်တွေနဲ့ တိုက်ခိုက်ခံရ သူတွေအတွက် ပိုထောက်ပံ့မှုတွေ ပေးဖို့ အီရန်လွှတ်တော်က ဥပဒေပြဋ္ဌာန်း အတည်ပြုခဲ့ပါတယ်။  မာဆောင်မာကတော့ ဥပဒေက သိပ်တာ မသွားသေးဘူးလို့ ပြောပါတယ်။ မာဆောင်မာရဲ့ ယောက္ခထီးဟာ တရားဥပဒေအရ ပြစ်ဒဏ် ကျခံဖို့ စီရင်ခံရပေမဲ့ မာဆောင်မာက ခွင့်လွှတ်ပေးခဲ့ပါတယ်။
2 years Ago
Up