ကိုဗစ်ကာကွယ်ဆေးထိုးရန် အမေရိကန်အစိုးရ ဆော်ဩ

အားလပ်ရက်ရာသီ နီးကပ်လာတာနဲ့အမျှ အမေရိကန်နိုင်ငံသားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထပ်ထိုးကြဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာ အာရှစ်ရှ် ဂျားက နိုဝင်ဘာလ ၂၇ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
သမိုင်းကြောင်းအရ လူဦးရေဟာ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးလေ့ရှိလို့ လာမယ့်သီတင်းပတ်တွေအတွင်း ကာကွယ်ဆေးထိုးသူ ပိုများလာဖို့ မျှော်လင့်ထားတယ်လို့ ဂျားက ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို နွေရာသီလတွေမှာ အသစ်ထပ်ထုတ်ထားလို့ ဒီဆေးတွေဟာ BQ1.1 အမျိုးအစားခွဲနဲ့ အသစ်ထွက်တဲ့ တခြား ကိုဗစ်-၁၉ ဗီဇမျိုးကွဲတွေကနေ လူတွေကို ကာကွယ်ပေးဖို့ သင့်တော်တယ်လို့လည်း ဂျားက ရှင်းပြခဲ့ပါတယ်။