close

ဆော်ဩ

close

November 28, 2022

ကိုဗစ်ကာကွယ်ဆေးထိုးရန် အမေရိကန်အစိုးရ ဆော်ဩ

အားလပ်ရက်ရာသီ နီးကပ်လာတာနဲ့အမျှ အမေရိကန်နိုင်ငံသားတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထပ်ထိုးကြဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေး ညှိနှိုင်းရေးမှူး ဒေါက်တာ အာရှစ်ရှ် ဂျားက နိုဝင်ဘာလ ၂၇ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။ 

သမိုင်းကြောင်းအရ လူဦးရေဟာ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ တုပ်ကွေး ကာကွယ်ဆေးတွေ ထိုးလေ့ရှိလို့ လာမယ့်သီတင်းပတ်တွေအတွင်း ကာကွယ်ဆေးထိုးသူ ပိုများလာဖို့ မျှော်လင့်ထားတယ်လို့ ဂျားက ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို နွေရာသီလတွေမှာ အသစ်ထပ်ထုတ်ထားလို့ ဒီဆေးတွေဟာ BQ1.1 အမျိုးအစားခွဲနဲ့ အသစ်ထွက်တဲ့ တခြား ကိုဗစ်-၁၉ ဗီဇမျိုးကွဲတွေကနေ လူတွေကို ကာကွယ်ပေးဖို့ သင့်တော်တယ်လို့လည်း ဂျားက ရှင်းပြခဲ့ပါတယ်။ 

13 mins Ago

October 29, 2022

ရွေးကောက်ပွဲ စောစောကျင်းပရန် ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်း ဆော်ဩ

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း အင်မရန်ခန်းဟာ ရွေးကောက်ပွဲစောစောကျင်းပပေးရေး အစိုးရကို တောင်းဆိုဖိအားပေးတဲ့အနေနဲ့   နယ်လှယ်ပြီး ဆော်ဩလှုံ့ဆော်နေပါတယ်။  

မြို့တော်အစ္စလာမာဘတ်ကို ဦးတည်တဲ့ ကားတွေနဲ့ ထရပ်ကားတွေ ယာဉ်တန်းအဖွဲ့မှာလိုက်ပါဖို့ အောက်တိုဘာ ၂၈ ရက်က နိုင်ငံအရှေ့ပိုင်း လာဟိုးရ်မြို့ရှိ ထောင်နဲ့ ချီတဲ့ ထောက်ခံသူတွေကို ခန်းက ဆွဲဆောင် စည်းရုံးခဲ့ပါတယ်။

ခန်းဟာ သီတင်းတပတ်အတွင်း မြို့တော်ကို မရောက်ခင် လမ်းတလျှောက်က ထောက်ခံမှုပိုရစေဖို့ ဆွဲဆောင်တဲ့အနေနဲ့ မော်တော်ယာဥ်တန်းကို အစ္စလာမာဘတ်ကိုသွားတဲ့ ဂရန်းဒ်ထရမ့်ခ် လမ်းမဘက်ကို မြောက်ဘက်အတိုင်း ဖြည်းဖြည်းချင်း ဦးဆောင်သွားဖို့ စီစဉ်ထားပါတယ်။ 

သူတို့ စုရပ်ကိုရောက်ချိန်မှာ ခန်းက သူနဲ့အတူ လူထောင်ပေါင်းများစွာ လိုက်ပါဖို့ မျှော်လင့်ထားပြီး သူ့ရဲ့ ပီတီအိုင်ပါတီကလည်း မြို့တော်မှာ ထိုင်သပိတ် ပြုလုပ်ခွင့်ပေးဖို့ မြို့တော်ရှိ အာဏာပိုင်တွေ ကို တောင်းဆိုထားပါတယ်။ 

ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာရင် ပါတီဟာ ၀န်ကြီးချုပ် ရှီဘတ်ဇ်ရှာရစ်ဖ်ရဲ့ ညွန့်ပေါင်းအစိုးရနဲ့ ညှိနှိုင်းဖို့ဆန္ဒရှိကြောင်း PTI အဖွဲ့ဝင်တွေက အောက်တိုဘာ ၂၈ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

အစိုးရက ရွေးကောက်ပွဲကို လာမယ့်နှစ် အောက်တိုဘာလမှာ စီစဉ်ထားတဲ့အတိုင်း ကျင်းပမယ်လို့ ပြောကြားခဲ့ပေမဲ့ ခန်းက စောင့်ဆိုင်းဖို့ ဆန္ဒမရှိဘူးလို့ ဆိုထားပါတယ်။ 

အစ္စလာမာဘတ်ကို ဦးစီးအုပ်ချုပ်နေတဲ့ ဖက်ဒရယ်အစိုးရကတော့ ခွင့်ပြုထားတဲ့ ဆန္ဒပြမှု အစီအစဉ်ကနေ ဘယ်လိုသွေဖည်မှုမျိုးမဆို မြို့တော်ရဲတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ရလိမ့်မယ်လို့ သတိပေးထားပါတယ်။ 

အစ္စလာမာဘတ်ရဲ့ အိမ်နီးချင်းပြည်နယ်နှစ်ခုဖြစ်တဲ့ ပန်ဂျဘ်နဲ့ ခိုက်ဘာ ပက်ရှ်တွန်ခွာ အစိုးရအဖွဲ့ တွေထဲမှာ  ခန်းရဲ့ ပါတီ ရှိနေတာဖြစ်ပြီး ပြည်နယ်ရဲ တပ်ဖွဲ့အနေနဲ့ ချီတက်လမ်းလျှောက်သူ တွေကို လုံခြုံရေး ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ 

1 month Ago
Up