ဘရာဇီးတောင်ပိုင်းတွင် ဥက္ကာပျံတွေ့ရှိ

ဘရာဇီးနိုင်ငံတောင်ပိုင်းမှာ နိုဝင်ဘာ ၂၈ ရက် မနက်အစောပိုင်းက အာကာသကနေ ပြုတ်ကျပြီး ကောင်းကင် တခွင် တောက်ပလင်းချင်းနေတဲ့ ဥက္ကာပျံတစ်ခုရဲ့ ပုံရိပ်ကို ကင်မရာကနေ ဖမ်းမိခဲ့ပါတယ်။
ဘရာဇီးနိုင်ငံ ဟောလားအန်ယွန်း အာကာသစူးစမ်းလေ့လာရေးဌာနက သိပ္ပံဒါရိုက်တာ ကာလို ဖှာနန်ဒိုယွန်း တပ်ဆင်ထားတဲ့ ကင်မရာက ဥက္ကာပျံတစင်း ကမ္ဘာ့လေထုထဲကို ဝင်လာပြီး ကောင်းကင်မှာ လောင်ကျွမ်းသွားတဲ့ ပုံရိပ်ကို ဖမ်းမိခဲ့တာပါ။
ဥက္ကာပျံကြွေကျချိန် ၁ ဒသမ ၈ စက္ကန့်ကြာမြင့်ပြီး ဥက္ကာပျံဟာ အမြင့် (၇၇ ဒသမ ၀၅ မိုင်) မှာ လေထုထဲ ဝင်ရောက်ခဲ့ပြီး အမြင့် (၆၉ ဒသမ ၅ မိုင်) မှာ မီးငြိမ်းသွားခဲ့တာပါ။
တနင်္လာနေ့က တွေ့ရတဲ့ ဥက္ကာပျံဟာ ဟျိုဂရန်ဒီ ဒူဆူမှာ ၂၀၂၂ ခုနှစ်အတွက် မှတ်တမ်းတင်ဖူးသမျှ အကြီးမားဆုံးလို့ ဖှာနန်ဒိုယွန်းက ပြောပါတယ်။ ဥက္ကာပျံ ကြွေကျတဲ့အတွက် မြေပြင်မှာ ထိခိုက်မှုမရှိခဲ့ပါဘူး။