အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် အထနှေးဟု ဘင်ဖော်စတာဝေဖန်

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတာနဲ့ ပတ်သက်လို့ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ရဲ့ အထနှေးမှုကို ဝါရင့်ဂိုးသမားဟောင်း ဘင်ဖော်စတာက ဝေဖန်သွားပါတယ်။
ပစ်ဖို့ဒ်ဟာ ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီရဲ့ အဝေးကန်ချက်နဲ့ သွင်းဂိုးကို မကာကွယ်နိုင်ဘဲ ဦးဆောင်ဂိုးခွင့်ပြုပေးလိုက်ရတာပါ။
အဲဒီဂိုးနဲ့ ပတ်သက်ပြီး ဂိုးသမား ပစ်ဖို့ဒ်ရဲ့ နှေးကွေးလွန်းတဲ့တုံ့ပြန်မှုကြောင့်လို့ ဘင်ဖော်စတာက အပြစ်တင်ခဲ့တာပါ။
“ပရီးမီးယားလိဂ်က ဂိုးသမားအများစုဆိုရင်တောင် အဲဒီလိုအလုံးကို ကာကွယ်နိုင်ပါလိမ့်မယ်” လို့ အင်္ဂလန်ဂိုးသမားဟောင်း ဘင်ဖော်စတာကဝေဖန်ခဲ့ပါတယ်။
အဲဗာတန်ဂိုးသမားဟာ ကမ္ဘာ့ဖလား ပွဲစဉ် ၅ ပွဲမှာ ပေးဂိုး ၄ ဂိုးပေးခဲ့ရပြီး ၇ ကြိမ်ပဲ ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။