close

အကြမ်းဖက်မှုနှင့် အမုန်းတရား ပို့စ်များ ပျံ့နှံ့စေခဲ့သည့် ဖေ့စ်ဘွတ်ခ်ကို ကင်ညာတရားစွဲ

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ရဲ့ မိခင်ကုမ္ပဏီ မက်တာဟာ အီသီယိုးပီးယားပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေနိုင်တဲ့ အကြမ်းဖက်မှုနဲ့ အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ပို့စ်တွေကို ဖေ့စ်ဘွတ်ခ်မှာ ပျံ့နှံ့အောင် ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒီဇင်ဘာ ၁၄ ရက်က ကင်ညာနိုင်ငံမှာ တရားစွဲဆိုခံထားရပါတယ်။

ဒီတရားစွဲဆိုမှုကို အီသီယိုးပီးယားနိုင်ငံက သုတေသီနှစ်ယောက်နဲ့ ကင်ညာနိုင်ငံက ကတ်တီဘာ လူအခွင့်အရေးအဖွဲ့တို့က အမှုတင်သွင်းခဲ့တာပါ။

အဲဒီသုတေသီတွေထဲက တဦးရဲ့ဖခင် အသတ်မခံရခင် အီသီယိုးပီးယားနိုင်ငံမှာ အကြမ်းဖက်မှု အကြောင်းအရာတွေ ပါဝင်တဲ့ ပို့စ်တွေကို ဖေ့စ်ဘွတ်ခ်ရဲ့ အကြုံပြုချက်စနစ်က ပိုချဲ့ထွင်ပေးနေတယ်ဆိုပြီး စွပ်စွဲထားတာပါ။

ရှေ့နေမာစီမူတမ်မီက “ဖေ့စ်ဘွတ်ခ်ဟာ အဲဒီအကြောင်းအရာတွေကို သူ့ရဲ့ပလက်ဖောင်းပေါ်မှာတင် ခွင့်ပြုရုံမက ဦးစားပေး ဖော်ပြခဲ့သလို အဲဒီအကြောင်းအရာတွေကနေ ဝင်ငွေတောင် ရှာလိုက်ပါသေးတယ်” လို့ အီသီယိုးပီးယား သုတေသီနှစ်ဦးကိုယ်စား ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီတရားစွဲဆိုချက်ထဲမှာ မက်တာဟာ အန္တရာယ်ရှိနိုင်တဲ့ပို့စ်တွေကို အယ်လ်ဂိုရစ်သမ်အရ ဖော်ထုတ်သတ်မှတ်ပေးဖို့ လေ့ကျင့်ရာမှာ ကျိုးကြောင်းဆီလျော်တဲ့ ဂရုစိုက်မှု ပျက်ကွက်ခဲ့တယ်လို့ ပါဝင်ပြီး နိုင်ရိုဘီမြို့မှာရှိတဲ့ ဖေ့စ်ဘွတ်ခ်ရဲ့ ဒေသဆိုင်ရာ ထိန်းချုပ်ရေး ဗဟိုဌာနက ရဲအရေးပိုင် အကြောင်းအရာတွေအပေါ် ဘာသာစကား ထောက်ပံ့ပေးဖို့ ဝန်ထမ်းခန့်အပ်ထားမှု မရှိဘူးလို့ စွပ်စွဲထားပါတယ်။

တရားလိုတွေဘက်ကတော့ မက်တာကုမ္ပဏီကို ဒီအကြမ်းဖက်မှု အကြောင်းအရာတွေ ပါဝင်တဲ့ ပို့စ်တွေကို ဖယ်ရှားဖို့ အရေးပေါ်အဆင့်တွေ စတင်ဖို့၊ နိုင်ရိုဘီမှာ အကြောင်းအရာ စိစစ်ထိန်းညှိရေး ဝန်ထမ်းတွေ ပိုမိုခန့်အပ်ထားဖို့နဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က သွေးထိုးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ တကမ္ဘာလုံးက ကာယကံရှင်တွေ အတွက် လျော်ကြေးငွေ ဒေါ်လာ ၂ ဘီလီယံ မတည်ဖန်တီးပေးဖို့ တရားရုံးကို တောင်းဆိုခဲ့ပါတယ်။

ဒီအမှုဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ အကြောင်းအရာ ပို့စ်တွေကို ဒီဖေ့စ်ဘွတ်ခ်ပလက်ဖောင်းမှာ ရင်ဆိုင်နေရတာကြောင့်  မြန်မာ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေမှာလည်း ရိုက်ခတ်ခဲ့ပါတယ်။

မက်တာကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အရေးယူမှုလုပ်ဆောင်ဖို့ အလွန်နှေးကွေးနေတယ်ဆိုပြီး ဝန်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up