close

ဟော်လန်နောက်ခံလူ ဒါလေဘလင်း ဘိုင်ယန်မြူးနစ်အသင်းဆီပြောင်းရွှေ့

အိုင်းယက်စ်အသင်းကဟော်လန်နောက်ခံလူ ဒါလေဘလင်းဟာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့သွားပါတယ်။

အသက် ၃၂ နှစ်ရှိ ဘယ်နောက်ခံလူဟာ ရာသီကုန်အထိ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပါ။

ဒါလေဘလင်းဟာ ခံစစ်ဘယ်ခြမ်းရဲ့ နေရာစုံမှာ ကစားနိုင်ပြီး သူ့ရဲ့ နိုင်ငံတကာအတွေ့အကြုံတွေနဲ့ ဦးဆောင်နိုင်မှုအရည်အချင်းတွေက အသင်းကိုကူညီပေးနိုင်လိမ့် မယ်လို့ ဘိုင်ယန်အားကစားဒါရိုက်တာ ဟက်ဆန်ကပြောပါတယ်။

ဘလင်းကတော့ ဒီနှစ်ရာသီရဲ့ အရေးပါဆုံးအချိန်ကိုရောက်ရှိနေပြီး ဘိုင်ယန်အသင်းက ဆုဖလားအားလုံးကိုရယူနိုင်စွမ်းရှိတဲ့ အသင်းဖြစ်ကြောင်း စာချုပ်ချုပ်ဆိုအပြီးမှာပြောပါတယ်။

အိုင်းယက်စ်မှာပွဲပေါင်း ၃၃၀ ကျော်ကစားခဲ့တဲ့ ဘလင်းဟာ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ မန်ယူအသင်းမှာလည်း ပြောင်းရွှေ့ကစားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up