close

ဗန်းမော်တွင် ဘိလပ်မြေသယ်ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဘိလပ်မြေသယ် မော်တော်ယာဉ်တစီး တိမ်းမှောက်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ဘိလပ်မြေတင်ဆောင်လာတဲ့ တုန်ဖုန်း (ဒေသအခေါ်) မော်တော်ယာဉ်ဟာ  ၃ မိုင် မြို့ရှောင်ပတ်လမ်းမှာ တိမ်းမှောက်ခဲ့ပြီး အသက် ၅၀ ခန့်နဲ့ အသက် ၂၀ ခန့် အမျိုးသမီးနှစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဗန်းမော်ပြည်သူ့ဆေးရုံမှာ ဆေးကုသပေးထားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။

ပရဟိတ ဆောင်ရွက်ပေးသူတဦးက “ဗန်းမော်ကနေ ဘိလပ်မြေတင်လာတဲ့ တုန်ဖုန်းကား ၃ မိုင်မြို့ရှောင်ပတ်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ ကားဒရိုက်ဘာကတော့ ဘာမှမဖြစ်ဘူး။ ဘိလပ်မြေအိတ်တွေပိပြီး အမျိုးသမီးနှစ်ဦး သေသွားတယ်။ သုံးဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၉ ရက်ကလည်း ဗန်းမော်မြို့၊ မင်းလှရပ်ကွက်၊ အမှတ် ၄ အထကကျောင်း အနီးမှာ ဆွမ်းခံကြွလာတဲ့ ဦးပဉ္ဇင်းတပါးကို မော်တော်ယာဉ်တစီးက အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့လို့ ဦးပဉ္ဇင်းပျံလွန်တော်မူခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up