close

တရုတ်နှစ်သစ်ကူးတွင် ထိုင်းသူဌေး ၁ ဦးက ဘတ် ၂ သန်းဖိုး အန်ပေါင်းဝေငှ

ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ ထိုင်းသူ ဌေးကြီးတဦးက ဒုက္ခိတ နဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဘတ် ၂ သန်းဖိုးရှိ အန်ပေါင်းတွေကို ဝေငှပေးခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဥဒွန်းဌာနာနီမြို့မျက်နှာဖုံး၊ သကြားစက်နဲ့ ဟိုတယ်ပိုင်ရှင်သူဌေးကြီး နိုင်းပရီချာ ချိုင်းရတ်နဲ့ သူဌေးကတော် နန်းဆန်နာ့ရား ချိုင်းရတ်တို့မိသားစုဟာ ဇန်နဝါရီ ၂၂ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အန်ပေါင်းတွေ ဝေငှမယ်ဆိုတဲ့သတင်းရတာကြောင့် ပြည်သူတွေဟာ မနက် ၄ နာရီကတည်းက သွားရောက်တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ 

မနက်မိုးလင်းတာနဲ့ သူဌေးကြီးတို့မိသားစုဟာ စုစုပေါင်း ဘတ်ငွေ ၂ သန်းဖိုး ထည့်ထားတဲ့  အန်ပေါင်းစာအိတ်နီ ၁၀၀၀၀ ကို စတင်ဝေငှပေးခဲ့ပါတယ်။ အဆိုပါအန်ပေါင်းတွေကို ဆင်းရဲနွမ်းပါးသူ၊ ကိုယ်လက်အင်္ဂါမသန်မစွမ်းသူ၊ သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ အားလုံး ၅၀၀၀ ကျော် လာရောက်လက်ခံယူငင်ခဲ့ကြပါတယ်။ 

သူဌေးကြီးဟာ ယခင်ကလည်း နှစ်သစ်ကူးရောက်တိုင်း အခုလိုအန်ပေါင်းတွေ ဝေငှလေ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမှာတော့ ၃ နှစ်တာ ရပ်နားခဲ့ရပါတယ်။ 

အခုချိန်စီးပွားရေးလုပ်ငန်းတွေ ပုံမှန်နီးပါးပြန်လည်ပတ်လာတာကြောင့် နှစ်သစ်ကူးမှာ အလှူကြီး ပေးနိုင်ဖို့ မိသားတစုလုံး စေတနာထား ကြိုးစားအာခဲထားခဲ့ကြောင်း၊ ဒီနှစ်မှာတော့ လုပ်ငန်းတွေ ပြည်ပြီးနာလန်ထူနိုင်ပြီဖြစ်ကြောင်း၊ အန်ပေါင်းလာယူသူတွေကို ဆင်းရဲနွမ်းပါးသူလို့ ခေါ်တာထက်  ရပ်ဆွေရပ်မျိုးတွေလို့ခေါ်တာ ပိုပြီးကောင်းမွန်တယ်လို့ သူဌေးကြီးက အလှူပွဲမှာ ပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up