ထိုင်းအရှေ့မြောက်ပိုင်း ဥဒွန်းဌာနီခရိုင်မှာ တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ ထိုင်းသူ ဌေးကြီးတဦးက ဒုက္ခိတ နဲ့ ဆင်းရဲနွမ်းပါးသူတွေအတွက် ဘတ် ၂ သန်းဖိုးရှိ အန်ပေါင်းတွေကို ဝေငှပေးခဲ့တယ်လို့ Khaosod ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဥဒွန်းဌာနာနီမြို့မျက်နှာဖုံး၊ သကြားစက်နဲ့ ဟိုတယ်ပိုင်ရှင်သူဌေးကြီး နိုင်းပရီချာ ချိုင်းရတ်နဲ့ သူဌေးကတော် နန်းဆန်နာ့ရား ချိုင်းရတ်တို့မိသားစုဟာ ဇန်နဝါရီ ၂၂ ရက်က တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အနေနဲ့ အန်ပေါင်းတွေ ဝေငှမယ်ဆိုတဲ့သတင်းရတာကြောင့် ပြည်သူတွေဟာ မနက် ၄ နာရီကတည်းက သွားရောက်တန်းစီ စောင့်ဆိုင်းနေကြပါတယ်။
မနက်မိုးလင်းတာနဲ့ သူဌေးကြီးတို့မိသားစုဟာ စုစုပေါင်း ဘတ်ငွေ ၂ သန်းဖိုး ထည့်ထားတဲ့ အန်ပေါင်းစာအိတ်နီ ၁၀၀၀၀ ကို စတင်ဝေငှပေးခဲ့ပါတယ်။ အဆိုပါအန်ပေါင်းတွေကို ဆင်းရဲနွမ်းပါးသူ၊ ကိုယ်လက်အင်္ဂါမသန်မစွမ်းသူ၊ သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ အားလုံး ၅၀၀၀ ကျော် လာရောက်လက်ခံယူငင်ခဲ့ကြပါတယ်။
သူဌေးကြီးဟာ ယခင်ကလည်း နှစ်သစ်ကူးရောက်တိုင်း အခုလိုအန်ပေါင်းတွေ ဝေငှလေ့ရှိပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာလမှာတော့ ၃ နှစ်တာ ရပ်နားခဲ့ရပါတယ်။
အခုချိန်စီးပွားရေးလုပ်ငန်းတွေ ပုံမှန်နီးပါးပြန်လည်ပတ်လာတာကြောင့် နှစ်သစ်ကူးမှာ အလှူကြီး ပေးနိုင်ဖို့ မိသားတစုလုံး စေတနာထား ကြိုးစားအာခဲထားခဲ့ကြောင်း၊ ဒီနှစ်မှာတော့ လုပ်ငန်းတွေ ပြည်ပြီးနာလန်ထူနိုင်ပြီဖြစ်ကြောင်း၊ အန်ပေါင်းလာယူသူတွေကို ဆင်းရဲနွမ်းပါးသူလို့ ခေါ်တာထက် ရပ်ဆွေရပ်မျိုးတွေလို့ခေါ်တာ ပိုပြီးကောင်းမွန်တယ်လို့ သူဌေးကြီးက အလှူပွဲမှာ ပြောသွားပါတယ်။