close

ရေးမြို့နယ်တွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းနင်းမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း  ဘေးကလွဲရွာအနီး ကြိုးတံတားချောင်းနားမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၉ နာရီ ၄၀ မိနစ်က ဈေးထွက်ဝယ်သူ အမျိုးသားတယောက် မြေမြှုပ်မိုင်း နင်းမိ ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။ 

မော့ကနင်ကျေးရွာ၊ ကားဆိပ်ရပ်နေသူ အသက် ၅၉ နှစ်အရွယ် ဦးညွန့်ဝေဟာ ဆိုင်ကယ်စီးပြီး ဈေးဝယ်ထွက်ရာမှာ အဲဒီတံတားနားအရောက် မိုင်းနင်းမိတာကြောင့် ဘယ်ခြေထောက်ပြတ်ရှ ဒဏ်ရာရလို့ မော်လမြိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမား တဦးက ပြောပါတယ်။

အခု မြေမြှုပ်မိုင်းထောင်ထားတဲ့နေရာဘက်ကို အသွားလာမလုပ်ဖို့ စစ်ကောင်စီဘက်က ကန့်သတ်ထားပြီး အခုဆို ရေးမြို့နယ်ထဲမှာ မြေမြုပ်မိုင်းကြောင့် ဒေသခံ ၄ ယောက် ဒဏ်ရာရခဲ့ပြီး ဖြစ်တယ်လို့  ဒေသခံတွေက ဆိုပါတယ်။

ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပါတယ်။

Up