close

မှတ်ဉာဏ်တုနည်းပညာ (AI)က ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုနှင့် ပိုင်းခြားမှုကို ပိုမိုဆိုးရွားစေနိုင်

မှတ်ဉာဏ်တုနည်းပညာ (AI) ဟာ ကမ္ဘာလုံးဆိုင်ရာ မညီမျှမှုနဲ့ ပိုင်းခြားမှုကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (OECD)ရဲ့ ပညာရေးမှူး အန်ဒရေရှနိုက်ဂျာက တရုတ်အခြေစိုက် (CGTN) သတင်းဌာနနဲ့ လူတွေ့ မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

မှတ်ဉာဏ်တုနည်းပညာအပေါ် သူ့ရဲ့ စိုးရိမ်မှုတွေကို နည်းပညာနယ်ပယ်ကနေ အမြင်အနေနဲ့ မျှဝေခဲ့ပါတယ်။ 

OECD ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ AI ဟာ စာပေဘက်မှာ OECD အဖွဲ့ဝင်နိုင်ငံတွေက အရွယ်ရောက်ပြီးသူ ၉၀ ရာခိုင်နှုန်းကျော်နဲ့ ခက်ခဲတဲ့ ဂဏန်းသင်္ချာ ဘက်မှာတော့ အရွယ်ရောက်ပြီးသူ ၈၈ ရာခိုင်နှုန်းကို ကျော်တက်နိုင်တယ်လို့ ဆိုပါတယ်။

OECD မှာ ပညာရေးနဲ့ ကျွမ်းကျင်မှုဌာနအကြီးအကဲအဖြစ် လုပ်ဆောင်နေပြီး နိုင်ငံတကာ ကျောင်းသားအကဲဖြတ်မှု (PISA) စမ်းသပ်မှု အစီအစဉ်ရဲ့  ဖခင်အဖြစ် လူသိများတဲ့ ရှနိုက်ဂျာက ဖြစ်နိုင်ခြေရှိတဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ကွာဟချက်နဲ့ AI ကြောင့်ဖြစ်လာတဲ့ ပုံပျက်နေတဲ့ ကမ္ဘာအမြင်ကို သတိပေးခဲ့ပါတယ်။

ပညာရေးမှူး အန်ဒရေရှနိုက်ဂျာက "နည်းပညာနဲ့ broadband တို့ကို ရယူသုံးစွဲနိုင်တဲ့ ပထမဆုံး ဒစ်ဂျစ်တယ်ပိုင်းခြားမှုတစ်ခုတော့ ရှိတယ်လို့ ကျနော်ထင်ပါတယ်။ တကယ်တော့ အဲဒီကွာဟချက်က ပိတ်သွားလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်၊ အဲဒီနည်းပညာတွေက စျေးပိုသက်သာလာတဲ့အတွက် ပိုထိရောက်လာတယ်၊ သူတို့က ပိုကျယ်ပြန့်လာတယ်။ ကမ္ဘာကြီးအတွက် ကျနော်ပိုစိုးရိမ်တာက ဒုတိယ ဒစ်ဂျစ်တယ်အပိုင်းအခြားက ပွင့်လာနေပြီ။ ဒစ်ဂျစ်တယ်ကမ္ဘာကို ဝင်ရောက်ဖို့ တကယ်ကို တော်တဲ့ လူသားတွေနဲ့ အယ်လ်ဂိုရီသမ်တွေရဲ့ ကျေးကျွန်တွေ ဖြစ်သွားတဲ့ လူသားတွေကြားမှာ ပိုင်းခြားခြင်းပါပဲ။ အိုင်ဒီယာ၊ အယ်လဂိုရီသမ်ရဲ့ သဘောသဘာဝကို နားမလည်ရင် ခင်ဗျားဟာ အယ်လ်ဂိုရီသမ်ရဲ့ ကျွန်ဖြစ်လိမ့်မယ် ဒီကွာဟချက်က ပြန်နီးကပ်ဖို့ ပိုခက်ပြီး အထူးသဖြင့် ပိုအဆင့်မြင့်တဲ့ ပညာရေးစနစ်နဲ့ အဆင့်နိမ့် ပညာရေးစနစ်တွေကြားမှာ ကွာဟချက် ကြီးလာမယ်။ ဒါကြောင့် နည်းပညာကို၊ တစ်နေ့မှာ လူတိုင်းလက်လှမ်း မီနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အဲဒါကို ပညာရှိရှိသုံးဖို့ လူသားစွမ်းရည်က ကျနော်တို့ အခုမှစနားလည်တဲ့ အကြီးမားဆုံး စိန်ခေါ်မှုပဲလို့ထင်ပါတယ်" လို့ ပြောပါတယ်။

ဖြစ်နိုင်ခြေ အချက်အလက်ခွဲဝေမှုနဲ့ ကွာဟချက်ဟာ AI ကနေ ယူဆောင်လာတဲ့ အခြေခံစိန်ခေါ်မှုတွေထဲက တစ်ခုလို့ ရှနိုက်ဂျာက ယုံကြည်ထားပါတယ်။

Up