close

ဘုရင်မ ကလီယိုပတ်ထရာ ရုပ်ရှင်အပေါ် အီဂျစ်ဝေဖန်

အီဂျစ်ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနက ကလီယိုပတ်ထရာဟာ ဖြူဝင်းတဲ့ အသားအရည်နဲ့ ဘီစီ ၄ ရာစုက ၁ ရာစုနှစ် ဂရိစာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာတွေ ရှိတယ်လို့ ဧပြီ ၂၇ ရက်က အခိုင်အမာပြောကြားခဲ့ပြီး Netflix ရဲ့ မှတ်တမ်းရုပ်ရှင် Queen Cleopatra မှာတော့ လူမည်းအမျိုးသမီးအနေနဲ့ သရုပ်ဖော် ရိုက်ကူးထားပါတယ်။

ဘုရင်မကြီး ကလီယိုပတ်ထရာရဲ့ ရုပ်ကြွတွေနဲ့ ရုပ်‌တုတွေက အကောင်းဆုံး သက်သေတွေ ပါလို့ ရှေးဟောင်းပစ္စည်းဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျာဒါ ပင်ကတ် စမစ်နဲ့ အဒဲလ် ဂျိမ်းစ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Queen Cleopatra ရုပ်ရှင်ကိုတော့ မေလ ၁၀ ရက်မှာ Streaming Platform ကနေ ဖြန့်ချိဖို့ စီစဉ်ထားပါတယ်။

အီဂျစ်နိုင်ငံကို စော်ကားတယ်လို့ ယူဆရတဲ့ အကြောင်းအရာအတွက် Netflix ကို ပိတ်ပင်ဖို့ ပါလီမန်အမတ် စဘိုရူရာအယ်စေးရက်ဒ်ကလွှတ်တော်ကိုတောင်းဆိုထားပြီး သမိုင်းမှတ်တမ်းကို ပြောင်းလဲရေသားနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အွန်လိုင်းမှာ အသနားခံစာ ၄၀,၀၀၀ ကျော် ရေးထိုး ဆန္ဒပြထားကြပါတယ်။

ရှေးဟောင်းပစ္စည်းကောင်စီအကြီးအကဲ မိုစတာဖာ ဝါဇီရီဟာက “ထင်ရှားကျော်ကြားတဲ့ ဘုရင်မကို လူမည်းအမျိုးသမီးအဖြစ် ပုံဖော်ထားတာဟာ အီဂျစ်သမိုင်းကို အတုအယောင် ပြုလုပ်တာပါပဲ” လို့ ပြောပါတယ်။

ရှေးခေတ်သမိုင်းကြောင်းမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဘုရင်မ ကလီယိုပတ်ထရာရဲ့ သမိုင်းကို ကာကွယ်ပေးခြင်းဖြစ်ပြီး ဒီအမြင်မှာ လူမျိုးရေးခွဲခြားတာ ဘာမှမရှိဘူးလို့ သူက အခိုင်အမာ ပြောပါတယ်။

ဒဏ္ဍာရီအရ ဘီစီ ၆၉ ဝန်းကျင်မှာ မွေးဖွားခဲ့တဲ့ ဘုရင်မကြီးဟာ ကြီးကျယ်တဲ့ အလှတရားတခုအဖြစ် ချီးကျူးပြောဆိုထားပေမဲ့ သူ့ရဲ့အသွင်အပြင်နဲ့ အသားရောင်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အတွက်တော့ ကြီးမားကျယ်ပြန့်ပါတယ်။

၂၀၀၉ ခုနှစ်မှာ BBC မှတ်တမ်းရုပ်ရှင်တခုမှာတော့ ကလီယိုပတ်ထရာက အာဖရိကသွေး ပါရှိတယ်လို့ ဆိုပါတယ်။

Source - INQUIRER .NET

Up