close

မစ်ရှီဂန်၌ ကျောင်းကြိုပို့ကားမောင်းသူ ကျန်းမာရေးအရေးပေါ်အခြေအနေကြုံရစဉ် ၇ တန်းကျောင်းသား ၁ဦးက ကားကို ကျောင်းအထိ မောင်းနှင်လာ

အမေရိကန်၊ မစ်ရှီဂန်ပြည်နယ်၊ ဝေါရန်မြို့မှာ ကျောင်းကားယာဉ်မောင်းတယောက်ဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံတွေ့ခဲ့ရပြီးနောက်မှာ ကျောင်းကားကို လိုက်ပါစီးနင်းလာတဲ့ ၇ တန်း ကျောင်းသားလေးက ကျောင်းကားကို ကျောင်းအထိ ဘေးကင်းကင်း မောင်းနှင်လာခဲ့ကြောင်း ဧပြီ ၂၆ ရက်က ဗီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။ 

ဝေါရန်ပေါင်းစပ်ကျောင်းက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဘတ်စ်ကားဒရိုင်ဘာဟာ သူ ခေါင်းမူးနေကြောင်း ရေဒီယိုကနေ အသိပေး အကြောင်းကြားခဲ့ပါတယ်။  အဲဒီနောက် ယာဉ်မောင်းဟာ  ကျန်းမာရေး အရေးပေါ် အခြေအနေကို ကြုံလိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားလေး  ဒီလ်လွန်ရိဗ်စ်က စတင် လှုပ်ရှားခဲ့ပြီး စတီယာရင်ဘီးကို ထိန်းချုပ်လိုက်ပြီးတော့ သူ့ခြေထောက်ကိုလည်း ခြေနင်း ဘရိတ်ပြား ပေါ်မှာ ထားလိုက်ပါတယ်။ 

အဲဒီနောက် အရေးပေါ် အကူအညီ တောင်းခံဖို့ တခြားကျောင်းကားစီးသူတွေကို ဖုန်းခေါ်ဆို ခိုင်းလိုက်ပါတယ်။ 

အခင်းဖြစ်ပွားတာကို မြင်တွေ့ခဲ့ရတဲ့ အနီးနားက ယာဉ်မောင်းတွေက ကျောင်းသားတွေကို ဘတ်စ်ကားပေါ်ကနေ ဘေးကင်းကင်း ဆင်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ 

ခေါင်းမူးတဲ့ ယာဉ်မောင်းကိုတော့ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းတွေအရ သိရပါတယ်။ 

Up