close

၇ တန်းကျောင်းသား

close

April 30, 2023

မစ်ရှီဂန်၌ ကျောင်းကြိုပို့ကားမောင်းသူ ကျန်းမာရေးအရေးပေါ်အခြေအနေကြုံရစဉ် ၇ တန်းကျောင်းသား ၁ဦးက ကားကို ကျောင်းအထိ မောင်းနှင်လာ

အမေရိကန်၊ မစ်ရှီဂန်ပြည်နယ်၊ ဝေါရန်မြို့မှာ ကျောင်းကားယာဉ်မောင်းတယောက်ဟာ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံတွေ့ခဲ့ရပြီးနောက်မှာ ကျောင်းကားကို လိုက်ပါစီးနင်းလာတဲ့ ၇ တန်း ကျောင်းသားလေးက ကျောင်းကားကို ကျောင်းအထိ ဘေးကင်းကင်း မောင်းနှင်လာခဲ့ကြောင်း ဧပြီ ၂၆ ရက်က ဗီဒီယိုမှတ်တမ်းတွေအရ သိရပါတယ်။ 

ဝေါရန်ပေါင်းစပ်ကျောင်းက ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဘတ်စ်ကားဒရိုင်ဘာဟာ သူ ခေါင်းမူးနေကြောင်း ရေဒီယိုကနေ အသိပေး အကြောင်းကြားခဲ့ပါတယ်။  အဲဒီနောက် ယာဉ်မောင်းဟာ  ကျန်းမာရေး အရေးပေါ် အခြေအနေကို ကြုံလိုက်ရပါတယ်။

အဲဒီအချိန်မှာပဲ အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသားလေး  ဒီလ်လွန်ရိဗ်စ်က စတင် လှုပ်ရှားခဲ့ပြီး စတီယာရင်ဘီးကို ထိန်းချုပ်လိုက်ပြီးတော့ သူ့ခြေထောက်ကိုလည်း ခြေနင်း ဘရိတ်ပြား ပေါ်မှာ ထားလိုက်ပါတယ်။ 

အဲဒီနောက် အရေးပေါ် အကူအညီ တောင်းခံဖို့ တခြားကျောင်းကားစီးသူတွေကို ဖုန်းခေါ်ဆို ခိုင်းလိုက်ပါတယ်။ 

အခင်းဖြစ်ပွားတာကို မြင်တွေ့ခဲ့ရတဲ့ အနီးနားက ယာဉ်မောင်းတွေက ကျောင်းသားတွေကို ဘတ်စ်ကားပေါ်ကနေ ဘေးကင်းကင်း ဆင်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ 

ခေါင်းမူးတဲ့ ယာဉ်မောင်းကိုတော့ ဆေးရုံတင်ထားရကြောင်း ဒေသခံသတင်းတွေအရ သိရပါတယ်။ 

6 mins Ago

August 5, 2022

ပြည်မြို့နယ်ရှိ အ.ထ.က ကျောင်းတွင် ၇ တန်းကျောင်းသားက အစောင့်စစ်သားကို ဓားဖြင့်ထိုး

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မှော်ဇာ အ.ထ.ကကျောင်းမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သား တယောက်ကို ၇ တန်းကျောင်းသားတယောက်က  ဩဂုတ် ၃ ရက်နေ့မှာ ဓားနဲ့ထိုးလိုက်တာကြောင့်  ဝမ်းဗိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

ဓားနဲ့အထိုးခံရသူဟာ တပ်သား အောင်မြင့်မြတ်ဖြစ်ပြီး  ပြည်တဖက်ကမ်း၊ ပန်းတောင်းမြို့နယ်ထဲက ထုံးဘို ကပစ (၅) က စစ်သားတယောက်ဖြစ်ပါတယ်။

ဓားနဲ့ထိုးခံရပြီးနောက် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင် တယောက်က အဆိုပါ ကျောင်းသားကို  သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ကျည်ဆန်ထိမှန်သွားတယ်လို့  မှော်ဇာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“ကလေးက စစ်သားကို မုန်းနေတာ။ အိမ်ကနေ ဓားပါယူသွားတာ။ အဲဒီနေ့မနက် ကျောင်းကျတော့ အပေါက်ဝမှာစောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ထဲက တယောက်ကို ဓားနဲ့ပြေးထိုးတာ ဝမ်းဗိုက်ကို ထိသွားတာ။ ကလေးက ထိုးပြီး ဘေးကလယ်ကွင်းထဲကို ထွက်ပြေးတာ၊ အဲဒီအချိန်မှာ ကျန်တဲ့ စစ်ကောင်စီတပ်သား နောက်တယောက်က သေနတ်နဲ့လိုက်ပစ်တာ။ ကလေးကိုတော့ နောက်ကျောကနေ ကျည်ဆန်ထိသွားတာ။ အပေါက်ကတော့ အကြီးကြီးပဲ၊ သေ မသေတော့ မသိရသေးဘူး။”

ဓားထိုးခံရတဲ့ စစ်ကောင်စီတပ်သားရော၊ ဓားနဲ့ ထိုးတဲ့ ကျောင်းသားကိုပါ စစ်ကောင်စီတပ်က သယ်သွားကြပြီး စစ်သားကိုတော့  ပြည်ခုတင် ၅၀၀ ဆေးရုံမှာ တင်ထားပါတယ်။

ကလေးရဲ့ မိခင်ဖြစ်သူကို စစ်ကောင်စီက ဖမ်းသွားပြီး ကလေးကတော့ ပျောက်ဆုံးနေကာ သေနတ်ဒဏ်ရာ အခြေအနေကို မိသားစုတွေကတော့ အရမ်းစိုးရိမ်နေကြပါတယ်။ 

မှော်ဇာရွာခံတယောက်က “ကလေးနာမည်က အာကျစ်တဲ့၊ နာမည်အရင်းတော့ မသိဘူး။ သူ့မှာ အဖေမရှိတော့ဘူး။ အမေနာမည်က အန်တီဆန်းလို့ ခေါ်ကြတယ်။ စီးပွားရေးလည်း မယ်မယ်ရရ မရှိကြပါဘူး။ သူတို့က မှော်ဇာဈေးနားပဲ နေကြတာ။ အခုတော့ သူ့အမေကိုပါ ဖမ်းသွားပြီ။ ကလေးကတော့ သေတယ်လို့ ကြားနေတယ်။ စစ်ကောင်စီတပ်က ကောင်တွေက ရမ်းပစ်တာ ဆရာမတယောက်လည်း ထိတယ်လို့ကြားတယ်။” လို့ ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာ ဘယ်သူမှ ကျောင်းနားသွားလို့မရဘူးသလို ကျောင်းဝင်းကိုလည်း  စစ်ကောင်စီက ပိတ်ထားလိုက်ပါတယ်။ 

ကပစတပ်က စစ်သားတွေကို မှော်ဇာ အ.ထ.က ကျောင်းမှာ လုံခြုံရေးအကြောင်းပြပြီး အစောင့်ချထားခဲ့တာ တနှစ်လောက်ရှိပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

9 months Ago
Up