အာဂျင်တီးနားမြောက်ပိုင်း တရားရုံးတခုမှာ လူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာအလွဲပြုကျင့်ခဲ့တဲ့ ရိုမန်ကက်သလစ်ဘုန်းတော်ကြီးတပါးအား တရားခွင်စစ်ဆေးမှု စတင်ခဲ့ပါတယ်။
ယခု တရားရုံးအမှုက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ကမ္ဘာတဝန်း ခရစ်ယာန်ကျောင်းတွေမှာ လိင်ရာဇဝတ်မှု စွပ်စွဲချက်တွေကို ထိထိရောက်ရောက် အရေးယူဖို့ စတင်အချက်ပြလိုက်တာပါ။
လက်ရှိပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အာဂျင်တီးနား ဗျူနိုအေးရိစ်မြို့ ဂိုဏ်းချုပ်ဖြစ်ခဲ့ဖူးပြီး လက်တင်အမေရိကနေ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာသူပါ။
ပုပ်ရဟန်းမင်းကြီးက လိင်ပိုင်ဆိုင်ရာ စွပ်စွဲခံနေရတဲ့ ခရစ်ယာန်ဘုန်းကြီးတွေကိုယ်စား အကြိမ်ကြိမ် တောင်းပန်ခဲ့ပြီး သာသနာအတွင်း လိင်ပိုင်းဆိုင်ရာမဖွယ်ရာမှုတွေကို အပြတ်ရှင်းပစ်မယ်လို့ ကတိပြုထားတာပါ။
ယခု အာဂျင်တီးနားတရားရုံးမှာ ရင်ဆိုင်နေရတဲ့ ဘုန်းတော်ကြီး ဂတ်စတာဗို ဇန်ချတ်တာဟာ သူထောင်ထားတဲ့ကျောင်းမှာ ကျမ်းစာသင် လူငယ်လေးတွေကို လိင်ပိုင်းဆိုင်ရာ အလွဲပြုကျင့်မှု၊ သာသနာ့ငွေ အလွဲသုံးမှု အမှု ၆ ခုကို ရင်ဆိုင်နေရတာပါ။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကက်သလစ်ဘုန်းတော်ကြီး ကိုလန်ဘန်လာဒီးကို မေလ ၁၄ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
ဘုန်းတော်ကြီးနဲ့နီးစပ်သူတစ်ဦးက “CDM ပြုလုပ်နေသူတွေကို ကူညီပေးနေတယ်ဆိုပြီး ဖမ်းဆီးခံရတာ။ ဖာသာရ်က CDM သမားတွေကို လှူထားတဲ့ငွေတွေ သွားထုတ်ပြီးအပြန် အကြမ်းဖက်စစ်ကောင်စီက ဖုန်းကို ယူပြီးစစ်လို့ အလှူစာရင်းတွေရော အပါအဝင်ပေါ့ဗျာ သူတို့ မကြိုက်တဲ့ ဘယ်လိုအချက်တွေ တွေ့သွားတယ်မသိပါဘူး။ အဲ့ဒါတွေကြောင့် ဖမ်းတာလို့ ကြားတာပဲ။ အခုလောလောဆယ်တော့ ဖာသာရ် ပြန်လည်လွတ်မြောက်ဖို့ သာသနာပိုင် တာဝန်ရှိသူတွေ ကြိုးစားနေကြပါတယ်” လို့ ပြောပါတယ်။
ဘုန်းတော်ကြီး ကိုလန်ဘန်လာဒီးဟာ ဗန်းမော်သာသနာ ပရန်ခူးဒုံဘုန်းတော်ကြီးတစ်ပိုင်မှာ တာဝန်ထမ်းဆောင်နေတာလို့ သိရပါတယ်။